Part-19(Z and U)

6.1K 792 163
                                    

ကျောင်းပိတ်​ရက်​​တွေကနည်းနည်း​တော့ပျင်းရိစရာ​ကောင်းသည်​။

ကျောင်းပိတ်​တာ သုံးရက်​ပဲရှိ​သေး​ပေမဲ့ ​ကျောင်းကိုလွမ်း​နေတာ​တော့အမှန်​ပင်​။

Hyperမို့ ​သောက်​ပိုလုပ်​တယ်​​တော့မထင်​ကြ​စေလိုပါ။

Jun Myeon​ကျောင်းကိုချစ်​ရခြင်းမှာ အိမ်​က​မေ​မေ​ကြောင့်​ပင်​။

ကျောင်း​လေးပိတ်​တာနဲ့သားကိုခိုင်းစားမယ်​ဆိုတာချည်းပဲ။

°သား​ရေ ​မေ​မေ့ကို ဟို​ဟာလေးဝယ်​​ပေးပါအုန်း

သား​ရေ Xingတို့အိမ်​ဘက်​သွားပို့​ပေးပါအုန်း

သား​ရေ အဝတ်​​လျှော်​စက်​ထဲကအင်္ကျီ​တွေလှမ်းပါအုန်း

သား​ရေ အမှိုက်​အိတ်​သွားပစ်​ပါအုန်း

သား​ရေခြံထဲကအပင်​​တွေ​ရေ​လောင်းပါအုန်း° အစရှိသဖြင့်​ဖင်​ပူ​​အောင်​ထိုင်​ချိန်​ပင်​မရှိ​လောက်​​အောင်​ အကွက်​​စေ့​စေ့ခိုင်းတတ်​​သော​မေ​မေပါ။

ဆူတာ​ဆောင့်​တာများလုပ်​ကြည့်​ သား​လေးတစ်​​ယောက်​ထဲကို ဘာပြုတယ်​ ညာပြုတယ်​နှင့်​ မပြီးနိုင်​​သောဇာတ်​ထုပ်​ကြီးထဲJun Myeonကပဲစိတ်​ပုတ်​တဲ့သူကြီးဖြစ်​ရအုန်းမယ်​။

နောက်​​နေ့​တွေ​တော့ သင်​တန်း​လေးဘာ​လေးစုံစမ်းမှပါ​လေ။

အမှိုက်​ထုပ်​ကိုတရွတ်​တိုက်​ဆွဲလာတဲ့Jun Myeonပုံစံက​ကြောင်​​တောင်​​တောင်​နိုင်​လှသည်​။Hoodieခဲ​ရောင်​ကိုလက်​​ခေါက်​တင်​ထားပြီး ​အောက်​က​ဘောင်းဘီက တစ်​ဖက်​ကဒူး​ခေါင်းထိမတင်​ထားပြီး တစ်​ဖက်​ကချထားလျက်​သား။

လမ်းထိပ်​က အမှိုက်​သိမ်းတဲ့​နေရာကနည်းနည်းလှမ်းတာ​ကြောင့်​ တအိအိသွား​နေရင်းနဲ့ပါးစပ်​ကလည်းအငြိမ်​မ​နေ ပွစိပွစိ​ရေရွတ်​​နေမိတာက မ​ကျေနပ်​​ကြောင်း​တွေ။

"များလိုက်​တဲ့အမှိုက်​​တွေ။ဇယား​တွေရှုပ်​ပြီးကြွပ်​ကြွပ်​အိတ်​​တွေ၊​ဖော့ဘူး​တွေနဲ့စားကြ​သောက်​ကြတာ​တွေ။ဟိုအသုံးအ​ဆောင်​ဝယ်​ရတာ၊ဒီပစ္စည်းသုံးရတာနဲ့။အလကား..အမှိုက်​​တွေထွက်​​ရော။ဒီအမှိုက်​​တွေကို မီးရှို့ရှင်​ Ozoneလွှာပျက်​စီးမယ်​ ။ရာသီဥတု​တွေ​ဖောက်​ပြန်​ပြီး အကုန်​ပြဿနာ​တွေတက်​မယ်​။မြေကြီးထဲ​ရောက်​ရင်​လည်း ​မြေဆီလွှာ​တွေထိခိုက်​ကုန်​ပြီး ​အစားအ​သောက်​​တွေကြုံလှီပြီး အဟာရမပြည့်​မဝ​တွေဖြစ်​ကုန်​​ရော့မယ်​။ဟင်း...စည်းနဲ့ကမ်းနဲ့ စနစ်​တကျ​နေရင်​ ငါ့လိုလူ​ချော​လေး​နေတဲ့ ကမ္ဘာကြီးက ဘာ်​​လောက်​သာယာလိ​မ့်​မလည်း.။"

Antidote(COMPLETED)Where stories live. Discover now