Part-20 (Z and U)

6.1K 747 152
                                    

Zawgyi

စကားသံ​တွေ စ​နောက်​သံ​တွေ မုန့်​စားသံ​တွေနဲ့ဆူညံ​နေတဲ့ အိမ်​စီးကား​လေးဟာ ဖြူး​ဖြောင့်​​နေတဲ့ 6လမ်းသွားလမ်းမကျယ်​ကြီး​ပေါ်မှာ အရှိန်​နဲ့​ပြေးလွှား​နေသည်​။

ကား Back မှန်​က​နေလှမ်းမြင်​​နေရတဲ့ မျက်​နှာပြင်​နဲ့​ခေါင်းလုံးလုံး​လေးက ကားမှန်​ကိုတဂွက်​ဂွက်​နဲ့ ထိရိုက်​​နေသည်​။

ဘေးကအ​မေနှစ်​​​ယောက်​ကလည်း ဘာ​တွေများ​ပြော​နေကြတယ်​မသိ ကားထွက်​ကတည်းကပါးစိပ်​မပိတ်​တာ အခုချိန်​ထိပဲ။

Yixingတို့အိမ်​ကကားနဲ့ပဲလာတာမို့ ပါးနဲ့Xingကအလှည့်​ကျကား​မောင်းရန်​အတွက်​ ​ရှေ့ခန်းကထိုင်​​နေရ​ပေမဲ့ စိတ်​ကမ​ဖြောင့်​။

မောင်း​မောင်းချင်းက​တော့ စိတ်​ဝင်​တစားဟိုကြည့်​ဒီကြည့်​နဲ့ လုပ်​လိုက်​၊သူ့​မေ​မေကို သိချင်​တာ​တွေ​မေးလိုက်​နဲ့လုပ်​​နေရှာ​ပေမဲ့ ​နေ့လည်​စာစားပြီးပြန်​​မောင်းကတည်းကအိပ်​လိုက်​တာ ခုဆိုနှစ်​နာရီပင်​ရှိ​နေပြီ။

ခေါင်းနာသွားရင်​အိပ်​ချင်​မူးတူးထလာပြီး နှုတ်​ခမ်းဆူဆူနဲ့ သူ့ငယ်​ထိပ်​သူပြန်​ပွတ်​မယ်​။ပြီးရင်​ မျက်​စိ​တေး​တေး​လေး​မှေးလျက်​နဲ့ ​မေ​မေ ဘယ်​​ရောက်​ပြီလည်း​မေးမယ။်ပြီးရင်​ ပြန်​အိပ်​မယ်​။

ဒါနဲ့ပဲ နှဖူး ကလည်းရဲတွတ်​​နေရှာပြီ။

"ဟိုဘက်​ကို​တော့ ကားနဲ့ကူးလို့မရဘူးမို့လား" ကား​မောင်း ​နေတဲ့ပါးက စကား​ကြောမပြတ်​တဲ့ မားတို့ကို​မေးသည်​။

"ဟုတ်​တယ်​ ဟိုဘက်​သွားဖို့ကဘသူတို့ဆီက အင်​ဂျင်​ပါဝါမြင့်​ကား​တွေနဲ့မှရမှာ။အတက်​အဆင်း​တွေနဲ့ဆို​တော့​လေ:".တီတီပြန်​​ဖြေ​တော့ စကားစ​တွေကမပြတ်​​တော့။

အန်​ကယ်​ရဲ့အလုပ်​​နေရာနဲ့ပက်​သတ်​ပြီး​ဆွေး​နွေး​နေကြတာ​တွေ။ လမ်း၊တံတား​အင်​ဂျင်​နီယာဖြစ်​တဲ့အန်​ကယ်​က ​တောထဲ​တောင်​ထဲလမ်း​ဖောက်​ရတာမို့ ​တောနက်​​တွေထဲလည်းသွားရသည်​တဲ့။

Antidote(COMPLETED)Where stories live. Discover now