Part-23(Z and U)

6.8K 762 113
                                    

Zawgyi

လုပ်​ငန်းသုံး ကားကြီးက ​မြေလမ်းမကြီးတစ်​​လျှောက်​​ပြေးလွှား​နေသည်​။

ကားတစ်​စီးစာသာသွားလို့ရနိုင်​တဲ့လမ်းမို့ ကား​ရှောင်​ရန်​လိုအပ်​လာတဲ့ အခါ ​ဘေးနားကခြုံပင်​​တွေထဲကားဆင်းရပ်​​ပေးရသည်​။

ကား​ပေါ်ကသူ​တွေအကုန်​လုံးကလည်း​ပေါင်းဦးထုပ်​အဖြူ​တွေနဲ့ ဖြစ်​​နေကြသလို၊​နေစူးတာ​ကြောင့်​ Daddyနဲ့Uncle Zhang တို့က​နေကာမျက်​မှန်​ကြီးနဲ့။

ပြီး​တော့ တရုတ်​​ကောင်​ အဲ Zhang Yixing အဲ  ​နေအုန်း သူ့ကိုဘယ်​လို​ခေါ်ရမယ်​မသိဘူး။

မ​နေ့ညကပဲ Jun Myeonတို့ ချစ်​သူ​တွေဖြစ်​သွားကြတယ်​။ ပြီး​တော့ ဘာမှဆက်​မဖြစ်​​တော့ဘူး။

အင်း.....​နေအုန်း ကိုယ့်​ရည်​စားကိုဘယ်​လို​ခေါ်သင့်​လည်း။

Xiumin​ရော Chenကိုဘယ်​လို​ခေါ်ပါလိမ့်​ ။ သူရည်​စားရတုန်းက စိတ်​တိုတာမို့မ​ခေါ်ပဲ​နေတာ​ကြောင့်​ သူတို့ဘယ်​လို​ခေါ်​ဝေါ်ကြတယ်​ဆိုတာJun Myeonမသိပါ။

ထားပါ​သော မိ​မွေးတိုင်းဖ​မွေးတိုင်း မှည့်​ထားတဲ့Zhang Yixingဆိုတဲ့နာမည်​ပဲခေါ်ပါအုန်းမယ်​။

ရည်​စားဖြစ်​တာ၂၄နာရီမပြည့်​​သေးဘူးဆို​တော့ အ​ခေါ်အ​ဝေါ်ကသိပ်​ပြဿနာမရှိ​သေးပါဘူး​လေ။

အဲ အဲ့Zhang Yixingဆိုတဲ့​ကောင်ကလည်း ​နေကာမျက်​မှန်​နဲ့ဗျ။ ဒီ​လောက်​ယမ်းခါ​နေတဲ့ကားထဲမှာ ကား​ဘေးအကာအ​ပေါ်လက်​တစ်​ဖက်​တင်​ပြီးပဲများ​နေတာ။

ကား​ပေါ်မှာ Daddyရဲ့တပည့်​မ​လေးနှစ်​​ယောက်​လည်းပါသည်​မို့ စိတ်​ထဲသိပ်​​တော့မ​ကျေနပ်​။ သူကဘာကိစ္စလှချင်​ပ​ချင်​​နေတာတုန်း။

ရိုးရိုး Shirt အဖြူ​ရောင်​​ပေါ်က​နေ အစိမ်း​ရောင်​အင်္ကျီလက်​ရှည်​အကွက်​ကို ကြယ်​သီးမတပ်​ပဲဝတ်​ထား၏။ ဒါတင်​လားဆို​တော့မဟုတ်​။ အင်္ကျီလက်​​တွေကိုပါ​ခေါက်​​တင်​ထား​သေးသည်​။

မျက်​စိဆံပင်​​မွှေးစူးလိုက်​တာ။ ​သောက်​ရမ်းပဲများတဲ့တရုတ်​ပဲ။

Antidote(COMPLETED)Where stories live. Discover now