Part-33 ( Z and U)

4.3K 605 51
                                    

ခပ်​မှိုင်းမှိုင်း​ကောင်းကင်​ရဲ့အ​နေထား​ကြောင့်​ ပတ်​ဝန်းကျင်​က ​နေ​ပျော်​ဖွယ်​သိပ်​မရှိ။
လေစိမ်း​တွေက ခပ်​ပြင်းပြင်းတိုက်​လိုက်​တဲ့အခါတိုင်း မြင်​ကွင်းထဲက သစ်​ပင်​​တွေက ယိမ်းထိုး​နေကြတာလည်း ကြည့်​လို့မ​ကောင်း။

ထို့အတူ....စိတ်​အ​ခြေ​နေလည်းမ​ကောင်း။

တခြားမဟုတ်​....Yixing​ကြောင့်​ပင်​။
ဒီ​လောက်​စာကြိုးစားတဲ့ Yixingက Student exchangeမှာဘာလို့ပါမသွားလည်းဆိုတာ Jun Myeonနားမလည်​ပါ။

သုံးနှစ်​တစ်​ကြိမ်​​ခေါ်ယူတဲ့ နိုင်​ငံတကာတက္ကသိုလ်​​ကျောင်းသားများနဲ့ ​ကျောင်းသားလဲလှယ်​​ရေးအစီစဉ်​အတွက်​ Jun Myeonတို့ ​ဆေးပညာဆိုင်​ရာ​ကျောင်းများမှ ၈​ယောက်​တိတိအ​ရွေးချယ်​ခံရသည်​။

တကယ်​က ကိုယ်​တက္ကသိုလ်​တက်​သမျှကာလတစ်​ခုလုံးရဲ့ အ​ခြေခံရမှတ်​​တွေကိုသုံးသပ်​ကာ​ရွေးချယ်​ခြင်းဖြစ်​သည်​။

ဝင်​ခွင့်​​ဖြေကတည်းက Yixingက ​ဖြေချင်​ပုံမရှိ။ စာမနိုင်​ဘူး ဆိုတဲ့အ​ကြောင်းပြချက်​တစ်​ခုက Yixingလိုသူဆီမှရှိ​နေမယ်​လို့ထင်​​တောင်​မထင်​ထားမိပါ။

အထူးသဖြင့်​ ထူးချွန်​တဲ့ Yixingက ဒီExchangeမှာပါ ပါဝင်​ခွင့်​ရရင်​ သာမာန်​ထက်​အများကြီးအ​ထောက်​အကူပြုမည်​မို့လား။

သိရသ​လောက်​ ​ရှေ့နှစ်​​တွေမှာ Yixingရဲ့ Record​တွေဟာ တန်းမနိမ့်​ခဲ့။ ​ရွေးချယ်​မခံရစရာအ​ကြောင်းမရှိ။

ဒါ​ပေမဲ့ ဒီနှစ်​ပိုင်းကျမှ အမှတ်​​တွေကဘာလို့ဒီ​လောက်​နည်းသွားရတာလည်းဆိုတာ နားမလည်​။

Jun Myeon​ကြောင့်​များ????
Jun Myeon​ကြောင့်​ သူ့စာလုပ်​ချိန်​​တွေလစ်​ဟင်းသလား။

ခဏခဏဖုန်းဆက်​​ခေါ်တိုင်း ဘယ်​​တော့မှမငြင်းတဲ့ Yixingရဲ့ စာကျက်​ချိန်​​တွေကို Jun Myeonဖြုန်းတီး​မိ​နေတာများလား။

တွေးမိ​တော့ Jun Myeonစိတ်​မ​ကောင်း။ ကိုယ့်​ကိုယ်​ကို အပစ်​တင်​ချင်​လာသည်​။

တကယ်​ဆို Yixingက သူ့အခွင့်​​ရေး​တွေအများကြီးကိုဆုံးရှုံးရ​တာ။

Antidote(COMPLETED)Where stories live. Discover now