Part-24 ( Z and U)

6K 675 54
                                    

Zawgyi

ရည်း​စားထားလို့ ရင်​ခုန်​ရတာဆိုတာဒါမျိုးထင်​သည်​။

ထမင်းစားရင်း မျက်​လုံးချင်းဆုံမိတဲ့အခါ မျက်လုံးလွှဲချင်​တာလိုလိုနဲ့ ​နောက်​​တော့လည်းခဏခဏအကြည့်​ဆုံတာပါပဲ။

Zhang Yixingကထမင်းတစ်​လုပ်​စားပြီးတိုင်း တစ်​ခါကြည့်​​နေတတ်​သလားမှတ်​ရတယ်​။ လာ လာပြီးပြုံးပြ​နေတာများ။

မျက်​နှာချင်းဆိုင်​က​နေ ဟင်းထည့်​​ပေးတတ်​သလို ​သောက်​​ရေခွက်​ထဲပါ​ရေထည့်​​ပေးထားသည်​။ ​မေ​မေတို့ကလည်း ကွက်​ကြည့်​ကွက်​ကြည့်​နဲ့ မျက်​​ခြေမပြတ်​ကြည့်​​နေကြတာမို့ ​​နေရင်းထိုင်​ရင်း သူခိုး​တွေလိုခိုးခိုးကြည့်​​နေရသည်​။

"သားတို့​ဆော့ကြအုန်းမှာလား ည​နေဘက်​ဟိုဘက်​နားက​ရေတံခွန်​သွားကြ​လေ။Daddyတို့က ဘုန်း​တော်​ကြီး​ကျောင်းဘက်​သွားမှာမို့" Daddyကအကြံ​ပေးသည်​။

စဉ်းစားကြည့်​​တော့ အစီစဉ်​ကအလွန်​​ကောင်း​သောပါပဲ။

Zhang Yixingနဲ့နှစ်​​ယောက်​အချိန်​ပတာ​ပေါ့...ဟီး.။တွေးပြီးမှ မျက်​နှာ​တောင်​ပူလာသည်​။

"ဟုတ်​Daddyသားလည်းပျင်း​နေတာ ​ရေတံခွန်​ဘက်​သွားကြည့်​လိုက်​မယ်​...​နော်​"

မေ​မေနဲ့ အန်​တီက ရယ်​ချင်​ပက်​ကျိရုပ်​ကြီး​တွေဖြစ်​​နေပြီး မိမိရည်​စားတရုတ်​​ကောင်​က​တော့ အူမြူး​နေတဲ့ရုပ်​နဲ့ Jun Myeonသ​ဘောကျတဲ့ပါးချိုင့်​​တွေကိုအသား​ပေးကာပြုံး​နေ​တော့တာပဲ။

ဒါနဲ့​နေပါအုန်း သူတို့နှစ်​​ယောက်​ထဲ ဘာလုပ်​ရပါ့။ ချစ်​စခင်​စကာလဆို​တော့ ဘာလုပ်​လုပ်​ကိုရှက်​ချင်​​တာပဲ။အရင်​က ဘု​တော​တောခဲ့​ပေမဲ့ ခု​လော​လောဆယ်​က Zhang Yixingမျက်​နှာမြင်​ရင်​ကိုပဲ ရင်​ဘတ်​ထဲလိပ်​ပြာ​တွေကုလားဘုရားလှည့်​​နေတတ်​ကြတာ။

ရည်​စား​လေးထားရတာလည်း.....ရင်​ဘတ်​ထဲဟယ်​လီ​ကော်​ပတာထည့်​ထားရသလိုပဲ....အသည်း​အေးတယ်​...အသည်း​အေးတယ်​။

.............................................................

ထမင်းစားပြီး ​နေ့ခင်းဘက်​ပူတာ​ကြောင့်​Tank​တွေထဲမှာပဲ​နေ​နေကြရသည်​။

Antidote(COMPLETED)Where stories live. Discover now