Part-35 (Z and U)

4.3K 603 62
                                    

Zawgyi

လွမ်းသည်​။
Yixingကို လွမ်းသည်​။
မ​နေ့ကပဲ ပြန်​အ​ဆင်​​ပြေခဲ့ပြီး မ​နေ့ကပဲ ကိုယ်​နဲ့​ဝေးရာဆီခရီးထွက်​သွားသည့်​ Zhang Yixingကို တအားလွမ်းပါသည်​။

အိပ်​​တော့လည်း ​ကောင်း​ကောင်း အိပ်​မ​ပျော်​။ အရာတိုင်းက ပျင်း​ခြောက်​​ခြောက်​နဲ့။

Line​ပေါ်တက်​ကြည့်​​တော့လည်း NFမှာတက်​လာသမျှ Feel status​တွေချည်း။
Kakao talkမှာလည်း ဘယ်​သူကမှစကားလာမ​ပြော။

Fan Fan အ​ကြောင်း​တွေထိုင်​Stalkလိုက်​၊ သီချင်းေ​တွ နား​ထောင်​လိုက်​လုပ်​​နေရင်းနဲ့​တောင်​ Zhang Yixingကိုသတိရသည်​။

Yixing က သူ့ကိုစိတ်​ဆိုးလုံးဝမ​ပြေ​သေးတာသိ​ပေမဲ့ သူခရီးမသွားခင်​ တင်းတင်းဖက်​ထားခွင့်​ရလိုက်​တာကိုပဲ ​တော်​ပါ​သေးသည်​။မဟုတ်​ရင်​ Jun Myeon တရုတ်​ပြည်​ထိလိုက်​သွားမိမလား​တောင်​မသိ။

တရုတ်​က အဖွားအိမ်​ပြန်​သွားတဲ့ ချစ်​သူက​တော့ ဖုန်း​လေး​တောင်​မဆက်​​သေး။ သူလည်း မအားလို့ဖြစ်​ပါလိမ့်​မယ်​။လေယာဉ်​စီးလို့ပင်​ပန်း​နေမှာပဲ​လေ။

လူက ဟာတာတာနဲ့ ဘာမှလုပ်​ချင်​ကိုင်​ချင်​စိတ်​မရှိဘဲ အိပ်​ရာ​ပေါ်ပဲ​ခွေ​နေမိသည်​။ မ​နေ့ကမှ စာ​မေးပွဲ ပြီးထားသည်​မို့ ပင်​ပန်းခဲ့တာ​တွေသိ​နေတဲ့ ​မေ​မေကလည်း လာမနှိုး။
ဆောင်း​တွင်းရဲ့​အေးစက်​စက်​ အ​ငွေ့အသက်​​တွေနဲ့အတူ Jun Myeonဟာ အိပ်​ရာ​ထက်​က ​စောင်​ပုံကြား ပုစွန်​ထုပ်​လို​ကွေး​နေရင်း Yixingကိုသတိရ​နေရသည်​။

"လွမ်းတယ်​...Zhang Yixing။ငါလည်းဘယ်​လိုဖြစ်​​နေလည်းမသိဘူး....Xingရာ"
Phone wallpaperက နှစ်​​ယောက်​တွဲပုံ​လေးကို ကြည့်​ကာ Yixing ပုံရိပ်​​လေးဆီအသာထိတို့မိသည်​။

ငါတကယ်​လွမ်း​နေတာ။
ငါတကယ်​ကို လွမ်း​နေတာ Zhang Yixingရ။

.....................................................

"မားမား....ဘယ်​လို​ပြောလိုက်​တာလည်း။သား Yixingက ငယ်​​သေးတယ်​​လေ"

"ငယ်​​သေးလို့ ကြို​ပြောထားရတာ​ပေါ့။အသက်​နှစ်​ဆယ်​ဆိုတာက သိပ်​ငယ်​​တော့တာလည်းမဟုတ်​ဖူး။မင်းတုန်းက မင်းသ​ဘောကျတဲ့သူကိုလက်​ထပ်​တယ်​​လေ။အေး....ပြီး​တော့ ငါ့ရင်​ခွင်​က​နေခွဲထွက်​သွားတာ။ Xing ငယ်​​လေးကို​တော့ ​သေချာ​ပေါက်​ငါ့နားမှာထားချင်​တယ်​"

Antidote(COMPLETED)Where stories live. Discover now