Part-18 (Z and U)

6.1K 761 121
                                    

Zawgyi

မျက်​စိနှစ်​လုံးဖွင့်​လိုက်​တာနဲ့မြင်​​နေရတဲ့ အပြာ​ရောင်​မျက်​နှာကျက်

ဘာအ​တွေးမှမဝင်​ပဲပြူး​ကြောင်​​ကြောင်​ကြည့်​မိ​နေသည်

တစ်​စက္ကန့်​...နှစ်​စက္ကန့်​...သုံးစက္ကန့်

အားရိုး....​မေ့​နေလိုက်​တာ...မ​နေ့ကစာ​မေးပွဲပြီးသွားပြီပဲ

"Yay.....​ကျောင်း​ပိတ်​​နေပြီ"

ကုန်းထလိုက်​ပြီး ​ခြေ​​တွေလက်​​တွေပါအတင်းဆန့်​ထုတ်​လိုက်​သည်

အရပ်​များရှည်​ထွက်​လာမလားဆိုတဲ့စိတ်​နဲ့...အားကြိုးမာန်​တက်​​လေး​ပေါ့

ခေါင်းရင်​မှာကပ်​ထားတဲ့ငယ်​ငယ်​ကရခဲ့တဲ့ဆုတံဆိပ်​​တွေကအထပ်​လိုက်

ပကာသန​တွေ....

အဲ့တုန်းက​တော့ မျက်​ရည်​​တောက်​​တောက်​ကျ​အောင်​ တစ်​မှတ်​ကအစနှ​မြောတာ

ခု​တော့ ဘာလုပ်​လို့ရလည်း...အပုံလိုက်​ကြီးထားထားရတယ်

ဂုဏ်​ရှိတာကလွဲပြီးဗိုက်​လည်းမပြည့်

နှစ်​နှစ်​သုံးနှစ်​အတွင်း ရင့်ကျက်​လာတဲ့ကိုယ့်​ကိုယ်​ကိုလည်း အားကြီးနဲ့​ကျေနပ်မိသည်

ခုဆို တစ်​မှတ်​နှစ်​မှတ်​​လောက်​အတွက်​နဲ့ငိုယို​နေမဲ့ အရူးမှမဟုတ်​​တော့တာ

အမှတ်​ငါးဆယ်​​လောက်​ရရင်​ကို သိပ်​ရင်​ခုန်​​နေပြီမို့🌚

မျက်​နှာမသစ်​ခင်​ ဝရန်​တာထွက်​ကာအ​ကြောဆန့်​ရသည်

တစ်​..နှစ်​..သုံ..​လေး...သိထားတဲ့​အေရိုးဗစ်​သုံးကွက်​​လောက်​ကို ပတ်​လည်​ချကာအားထုတ်​ပစ်​​တော့ အ​ကြော​ပြေသွားသည်

"​ဟေ့....ရွှတ်​ရွှတ်​" ကြားရတဲ့အသံ​ကြောင့်​ Jun Myeonပတ်​ဝန်းကျင်​ကို လှည့်​ပတ်​ကြည့်​မိ​တော့.လမ်းမ​ပေါ်​က​နေလှမ်းရယ်​ပြ​နေတဲ့​ကောင်​မ​လေးတစ်​​ယောက်

အမယ်​...တာတာ့​တောင်​ပြ​နေ​သေး

က​လေးမ​လေးကြည့်​ရတာ မနက်​လမ်း​လျှောက်​ထွက်​လာပုံရသည်

Antidote(COMPLETED)Where stories live. Discover now