Part-32 (Z and U)

4.2K 525 82
                                    

Zawgyi

"ရူး​တော့မယ်​....ရူး​တော့မယ်​"

စာအုပ်​ပြီးကိုနားထင်​မှာ​ထောက်​ကာ ညည်းညူ​နေတဲ့ လူသား​လေး။

Kim Jun Myeon....
ဟုတ်​သည်​ ဆက်​တိုက်​လာ​နေတဲ့စာ​မေးပွဲ​တွေကြား ဖတ်​ဖတ်​​မော​နေတဲ့ Jun Myeon​လေး။

ကျက်​ရင်းနဲ့ ဘာသာ​တွေ​ရောသွားတတ်​တဲ့အအြပြင်​ တစ်​ခါတစ်​​လေ ဒီဘာသာကိုအလွတ်​ဆို​နေရင်း တခြားဘာသာ​တွေပါလာတာမျိုး။

ဟို ဘာသာလည်းမပိုင်​။ ဒီဘာသာလည်း မကျွမ်းကျင်​နဲ့ ပီဘိ​ကျောင်းသား။

"အီး....ဟီး......ငါသနားပါတယ်​....စာတွေကျက်​ရင်း ရူးရင်​ ​မေ​မေတို့​ရော Yixing​ရော ရင်​ကျိုးရ​ချေရဲ့" ခပ်​ညီးညီး​အော်​​နေ​ပေမဲ့ မျက်​ရည်​က မကျ။ မျက်​ရည်​​တွေဝိုင်း​နေတာဖြစ်​သည်​။

ဘုန်း...ခနဲမြည်​​အောင်​စာအုပ်​ကြီးကိုပစ်​ချလိုက်​​တော့ ခုံ​ပေါ်က အရှိန်​လွန်​ပြီး ​အောက်​ထိကျသွားတဲ့ Text book​လေး။

အမြန်​​ကောက်​တင်​က သုံး​လေးခါ​လောက်​ ​ခေါင်း​ပေါ်တင်​လိုက်​၏။

"စာ​မေးပွဲနဲ့မို့ ခုံ​ပေါ်​ရောက်​​နေတာ ။
ရုတ်​ရုတ်​လာမလုပ်​နဲ့ ကြားလားစာအုပ်​"

လက်​ညှိုး​ငေါက်​​ငေါက်​ထိုးကာ​​ပြောလိုက်​ပြီး ဆတ်​ခနဲမတ်​တပ်​ထရပ်​​တော့ ​မျက်​​နေတဲ့​ခြေ​ထောက်​က ခပ်​​အောင့်​​အောင့်​။

Jun Myeon​လေး စာအုပ်​ကြည့်​ရင်း ​လှေကားဆင်းတာတစ်​ထစ်​​ကျော်​ကျလို့ ​ဆေးခန်း​ရောက်​သွား​သေးသည်​ပဲ။

စာ​မေးပွဲ​တွေကို မချစ်​ပါ။
မုန်းတာမဟုတ်​ဖူး​နော်​။ မုန်းတယ်​ဆိုတာ ကိုယ့်​အာရုံကြီး​ပေးထားရ​သေးတာ။ မချစ်​တာ​ဆို​တော့ ဘာသိဘာသာပဲ။

ဖြစ်​နိုင်​ရင်​ စာ​မေးပွဲ​တွေကို *နင်​လည်းနင့်​လမ်းနင်​သွား ၊ ငါ့လမ်းငါ့လမ်းငါသွားမယ်​*ဆိုပြီး ​ကျောခိုင်းပစ်​လိုက်​ချင်​တယ်​။
သူနဲ့ကိုယ်​ကြား ဘယ်​​တော့မှ​ပျော်​ရွှင်​ရတဲ့
ရီ​လေးရှင်းရှစ်​တ်​ဆိုတာရှိလာမှာမဟုတ်​ဖူး။

Antidote(COMPLETED)Where stories live. Discover now