Part-30 (Z and U)

5.4K 653 118
                                    

Zawgyi

ဂျင်း​ဦးထုပ်​အကား​လေးကို​ဆောင်းထားပြီး ဆင်​စွယ်​​ရောင်​ ရှပ်​အင်္ကျီလက်​ရှည်​အကြီးကြီးကိုဝတ်​ထားတဲ့ချစ်​ရသူ။ ဝတ်​ထားတဲ့ စတိုင်​ပန်​ကလည်း ​ဖောင်း​ပြီးရှည်​​နေ​သေးသည်​။

လည်​ဂုတ်​ထက်​ကုပ်​ကုပ်​​လေးဖြစ်​​နေတဲ့ အညို​ရောင်​ဆံပင်​​တွေကိုတစွန်းတစမြင်​ရသည်​။ အစိမ်း​ရောင်​ဖန့်​​နေတဲ့ဖြူနုနုလည်​ကုပ်​ထက်​မှာ ​ရွှေ​ရောင်​သန်း​နေတဲ့​မွေးညင်းနုနု​တွေက ​ထောင်​လျက်​တစ်​မျိုး၊လဲလျက်​တစ်​မျိုး။

သိုင်းလွယ်​ထား​သော အ​ပေါင်းလက္ခဏာပါ ပုံးကြီးက တစ်​ချက်​လမ်း​လျှောက်​တိုင်း အထဲကပစ္စည်းကိရိယာ​တွေရဲ့ အချင်းချင်းထိခတ်​သံ​တွေ​ကြောင့်​ တဂွက်​ဂွက်​ တဒုတ်​ဒုတ်​မြည်​​နေသည်​။

"​ဟော...​ဟောဟဲ....ဆရာကလည်းမြန်​လိုက်​တာ....ဟူး.....​နောက်​က​နေဘာလိုက်​​နေတာကြလို့"

ဂျူတီကုတ်​ဖြူကြီးလွင့်​လွင့်​ လွင့်​လွင့်​နှင့်​ လည်​ပင်းမှာနားကြပ်​ကြီးတပ်​ထားတာ ​ခြေလှမ်းကျဲကြီး​တွေနဲ့​လျှောက်​​နေသာသူကို လက်​ညှိုး​လေးထိုးကာ​ပြောပြန်​သည်​။

မရည်​ရွယ်​​မှန်းသိ​ပေမဲ့ ခပ်​စူစူဖြစ်​ကာ တိုင်​တန်း​နေ​သောနှုတ်​ခမ်း​လေးရဲ့အ​ပေါ်ဖက်​​လေး​တွေဆီမှာ​ချွေး​လေး​တွေကထွက်​​နေပြီ။

ကိုယ်တိုင်လည်းလက်တစ်ဖက်က​​​​​​​သ​ရေအိတ်​အနက်​ကြီးကိုဆွဲ၊​နောက်​တစ်​ဖက်​က ​ဆေးသတ္တာခပ်​ကြီးကြီးတစ်​လုံးကိုသယ်​ထားတာမို့ အင်္ကျီလက်​​မောင်းကို​မေးဆတ်​ပြ​တော့ ဘုဆတ်​ဘုဆတ်​​လျှောက်​​နေရင်းရ​က​နေ အူ​ကြောင်​ကြားကြည့်​ပြန်​သည်​။

"သုတ်​လိုက်​​လေ Jun Myeon ​ချွေး​တွေကနားထင်​မှာ​ရောပဲ" လက်​​မောင်းကိုသူု့ဖက်​တိုးကာ​ပေး​တော့ ဟီးခနဲတချက်​ရယ်​ပြပြီး သူ့နှုတ်​ခမ်းနဲ့ အင်္ကျီလက်​​မောင်းကိုပွတ်​ဆွဲသုတ်​ပစ်​​လေရဲ့။

နေပူဒဏ်​​ကြောင့်​ ရဲ​နေတဲ့ပါးပြင်​နုနု​လေး။
လိုချင်​တာရတဲ့က​လေးတစ်​​ယောက်​လို သူလွယ်​ထား​သော​ဆေးပုံးကြီးကို ​နေရာပြန်​ချပြီးဆက်​​လျှောက်​​နေတဲ့Jun Myeon။

Antidote(COMPLETED)Where stories live. Discover now