Final (Z and U)

8.4K 702 47
                                    

Zawgyi

"ငယ်ငယ်တုန်းကခင်တယ် ခုချစ်ရတဲ့ သူငယ်ချင်း ချစ်သူလေးရယ်........
ခုချစ်ရတဲ့ ငယ်ငယ်တုန်းက ခင်တယ် သူငယ်ချင်းချစ်သူလေးရယ် ...."
ခပ်တိုးတိုးညည်းဆိုမိတဲ့ သီချင်းသံနဲ့အတူ Yixing ခပ်ပြုံးပြုံးဖြစ်နေမိသည်။

ဒီတောအတွင်း ကြုံတွေတဲ့ အတွေ့အကြုံတွေ အဖြစ်ပျက်တွေနဲ့အတူ သူသိလိုက်ရတာက Jun Myeonကို သူလက်မလွှတ်ပေးနိုင်ဘူးဆိုတာပင်။

Jun Myeonကသူ့အတွက် အရေးကြီးသည်။သူငယ်ငယ်ကတည်းကနေ ခုချိန်ထိ သူ့ရင်ထဲမှာရော ဦးနှောက်ထဲမှာပါ နေရာယူခဲ့တဲ့ ဒီကောင်လေးကို သူချစ်သည်။

အချစ်ဆိုတာထက် သံယောဇဉ် က ပိုကြီးမည်ထင်သည်။ အသေးအဖွားလေးက အစ သူစိတ်ချမ်းသာအောင်ထားပေးချင်သည်။

Jun Myeonပြုံးတာတွေကို ချစ်သည်။ ဒါကြောင့် အမြဲတမ်းပြုံးအောင် လုပ်ပေးချင်သည်။

Relationshipတစ်ခု ကြာလာတာနဲ့အမျှ စိတ်ပျက်သွားတယ်ဆိုတာထက် သူက ချစ်မဝဖြစ်နေရတာ။

ခုတလောဖြစ်ထားတဲ့ ပြဿနာနဲ့ပက်သတ်ပြီး နှစ်ယောက် နားလည်နိုင်ကြပြီမို့ နောက်ဆို တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နားလည်ပေးနိုင်အောင် ကြိုးစားမယ်လို့ သူနဲ့ Jun Myeon ဖုန်းဆက်တိုင်းပြောခဲ့ကြပြီးပြီ။

တကယ်ဆို သူလွန်တာလည်းပါသည်။.စိတ်ပျက်လိုက်တာ ဆိုတဲ့ Jun Myeonစကားမှာ အတော်လေး ပင်ပန်းခဲ့တာမို့ ပစ်ထားမိတာ။ သူမရှိရင် ဒီကောင်လေးမနေနိုင်တာကို သိသားနဲ့။ခဏခဏငိုထားလို့ ဖောင်း အစ်နေမဲ့ မျက်နှာလေးကို မြင်မိတဲ့အခါ စိတ်မကောင်း။Jun Myeon က မာနတော့ကြီးသည်။ ဖုန်းပြောရင်းလွမ်းလို့ မျက်ရည်ကျတာတောင် မျက်စိထဲ ခြင်ဝင်လို့ဆိုပြီး မရှိတဲ့ ခြင်ကိုထဆဲချင်ဆဲသည်လေ။

Zhang Yixingရဲ့ အရင်းနှီးဆုံး အကောင်းဆုံး သူစိမ်းလူဆိုးလေး Kim Jun Myeonပါပဲ။

"မကြာခင် Seoulမြို့ အင်ချွန်းလေယာဉ်ကွင်းတွင် လေယာဉ်ဆိုက်ရောက်တော့မည်ဖြစ်ပါသဖြင့်............."နားကြပ်ကိုဖြုတ်ကာ အိတ်ထဲထည့်ပြီး ဇစ်သေချာပြန်ပိတ်လိုက်သည်။

မားကတော့ လေယာဉ်စစီးလာကတည်းက မနိုးသေးတဲ့ ပါးကိုနှိုးနေလေရဲ့။

Antidote(COMPLETED)Where stories live. Discover now