Part-36 (Z and U)

4.9K 632 140
                                    

Zawgyi

တိတ်​ဆိတ်​​နေတဲ့ ထမင်းဝိုင်းမှာအားလုံးက မျက်​နှာပင်​မ​ဖော်​ပဲစား​သောက်​​နေကြသည်​။
အရသာရှိလို့ရယ်​ မဟုတ်​ပဲ စကားပိုမ​ပြောချင်​​သော အ​နေထား​တွေနှင့်​ဖြစ်​သည်​။

Yixing သည်​လည်း လိုအပ်​တာထက်​ပိုတိတ်​ဆိတ်​​နေမိသည်​။ပါးပါးနဲ့ မားမားကလည်း တိတ်​ဆိတ်​လွန်းသည်​။ တခြားညီကို​တွေဆိုတာလည်း Yixing​ရောက်​ကတည်းက သူ့တို့အလုပ်​​တွေနဲ့ရှုပ်​​နေကြတာ။ ဒါ​ကြောင့်​လည်း ဖွားက သိပ်​အထီးကျန်​တာဖြစ်​ပါလိမ့်​မည်​။

"Xing ...ငယ်​" ထမင်းစား​နေရင်း နဲ့ ပြီးသွားပုံရတဲ့ဖွားက ပါးစပ်​သုတ်​ပြီးသူ့ကိုလှမ်း​ခေါ်သည်​။

"ဟုတ်​...ဖွား"

"ထမင်းစားပြီးရင်​ ဖွားဆီခဏလာခဲ့မလား။:"

"Xing ငယ်​လာခဲ့မယ်​ ဖွား.."

Yixingအ​ဖြေပြန်​​ပေး​တော့ ဖွားက အသာ​ခေါင်းငြိမ့်​ပြကာ လှုပ်​တုပ်​တုပ်​နဲ့ သူ့အခန်းဆီပြန်​ဝင်​သွားသည်​။

"မ​နေ့က အဆင်​​ပြေခဲ့လား သား" မားကသူ့ကို​မေးသည်​။မားသည်​ ဒီ​ရောက်​ကတည်းက သိပ်​တိတ်​ဆိတ်​လွန်း​နေသည်​။ အရင်​က မားဆိုတာက အိမ်​မှာဆို သိပ်​​နွေး​ထွေးပြီး အမြဲပြုံး​နေတတ်​တာမို့လား။မားဟာ Jun Myeon ​မေ​မေနဲ့ စကား​ပြော​နေရင်​ သိပ်​ကိုပြုံး​နေတာပဲ။ချစ်​ရသူရဲ့မိခင်​ကလည်း ခပ်​သွက်​သွက်​နဲ့ သူ့​ဘေးကလူတိုင်းကို​ပျော်​​အောင်​ထားသည်​​လေ။ ခု​တော့မားက ပြုံး​နေ​ပေမဲ့ ​အေးတိ​အေးစက်​။

ပါးပါးကလည်း မျက်​နှာသိပ်​မ​ကောင်း။ဒါ​ပေမဲ့   မိဘနှစ်​ပါးသည်​ သူ့အား​နွေး​ထွေးစွာပြုံးပြထားကြတုန်း။ သူတို့သည်​ Yixing​ပျော်​ဖို့ကိုပဲ ဦးတည်​ကြတဲ့သူ​တွေ။ ဒီလို မိဘ​တွေကို ပိုင်​ဆိုင်​ထားရတဲ့အတွက်​ သူ​အရမ်း​ကျေးဇူးတင်​မိသည်​။

"မပူပါနဲ့မားမား....ဖွားကနားလည်​မှာပါ" သူပြုံးရင်​​ပြော​တော့ မားက ​ခေါင်းငြိမ့်​ပြသည်​။ပါးပါးကလည်း ​ဘေးနားထိုင်​​နေရင်း စားပွဲခုံထက်​ထင်​ထားတဲ့ သူ့ဇနီးရဲ့ လက်​ကိုခပ်​တင်းတင်းဆုပ်​ကိုင်​လို့။

Antidote(COMPLETED)Where stories live. Discover now