Part-31 (Z and U)

4.8K 555 37
                                    

Zawgyi

တိတ်​ဆိတ်​​နေ​သောအခန်းငယ်​ထဲ တကျိကျိမြည်​​နေ​သော အသံ​လေးသာကြီးစိုး​နေသည်​။

အချိန်​အားဖြင့်​ဆိုရင်​​တော့ ည​နေ၆နာရီခွဲခန့်​။
အခန်းအပြင်​ဘက်​က ​ကောင်းကင်​ပြာကြီးပင်​ အနက်​​ရောင်​သို့ကူး​ပြောင်းလု​နေပြီဖြစ်​၏။
ခပ်​​ကွေး​ကွေး လခြမ်း​သေး​သေး​လေးရဲ့​နားမှာကြယ်​ပွင့်​​လေးတချို့က ဝန်းရံထားတာ တစ်​ချက်​တစ်​ချက်​ အ​မှောင်​အတိကျလုနီးပါးဖြစ်​​နေ​သော ​ကောင်းကင်​ယံထက်​ လက်​ခနဲ..လက်​ခနဲ။

ကောင်းကင်​ထက်​က အကြည့်​​တွေကိုပြန်​သိမ်းပြီး လက်​ထဲကဖတ်​လက်​စ စာအုပ်​ကို​ကျောပိုးအိတ်​ထဲပြန်​ထည့်​လိုက်​သည်​။

အခန်းတွင်းထဲက တစ်​စုံတစ်​​​ယောက်​က​တော့ ဂျူတီကုတ်​ကြီးလွင့်​လွင့်​ လွင့်​လွင့်​နဲ့ အလုပ်​​တွေရှုပ်​​နေရှာ​လေရဲ့။ ​ဆေးမှုန့်​​တွေကို weightချိန်​ရင်း နှဖူး​ထောင့်​​မှာစီးကျ​နေ​သော ​ချွေးစက်​ကို လက်​နဲ့ပင့်​သုတ်​တဲ့ သူ။ ချစ်​ရသူ။ Practical testနားနီးမှ ​လေ့ကျင့်​ရက်​ကိုပျက်​ကွက်​တဲ့အတွက်​ ခုလိုမျိုး ​ကျောင်းဆင်းချိန်​ကျမှ တစ်​​ယောက်​ထဲ Practicalခန်းဝင်​​နေရတာဖြစ်​သည်​။

Porcelain slab​ပေါ်မှာ ​ဆေးမှုန့်​​တွေကို Trituationလုပ်​​နေရင်း သူ့ဆီလည်​ပြန်​ကြည့်​ကာ သွားဖြူ​လေး​တွေ​ပေါ်သည်​အထိရယ်​ပြတဲ့ အခါ လက်​သီးဆုပ်​ပြီး Fightingကို့ပြန်​လုပ်​ပြရ​သေး။ ဒါကိုပဲဒင်း​လေးက နှုတ်​ခမ်းဆူပြီး အ​ဝေးက​နေ Fly kissလုပ်​​နေ​သေးတာ။

သူ​တော့မသိ ​​စောင့်​​နေရတဲ့ကိုယ်​တိုင်​​တောင်​​ညောင်းလာတာမို့ ​ကော်​ရစ်​တာမှာ ခုန်​ကာနည်းနည်း​ပြေးလိုက်​သည်​။ အ​ဝေးကြီးထိ​တော့မဟုတ်​။ သူလှမ်းမြင်​ရ​လောက်​တဲ့​နေရာ​လေးနားတင်​။

လက်​နှစ်​ဖက်​ကိုတန်းကာ ​လေ့ကျင့်​ခန်းလုပ်​မယ်​ရှိ​သေး အင်္ကျီခါးဆီ​ရောက်​လာတဲ့လက်​​တွေ​ကြောင့်​လှည့်​ကြည့်​မိ​တော့ ချစ်​ရသူကမျက်​နှာငယ်​​လေးနဲ့ကြည့်​​နေရှာ​လေရဲ့။

Antidote(COMPLETED)Where stories live. Discover now