Part-14(Z and U)

6.6K 797 114
                                    

Zawgyi

သင်​ခန်းစာစာအုပ်​​တွေကိုအိတ်​ထဲထည့်​ကာ Duty Coatကိုအပြင်​ထုတ်​ထားလိုက်​သည်

လွယ်​အိတ်​ကိုအမြန်​လွယ်​ပြီး Duty Coatကိုပုခုံးတစ်​ဖက်​​ပေါ်တင်​ကာ Practicalခန်းဆီသို့​ပြေးဖို့ပြင်​ရသည်

နာရီကိုကြည့်​​တော့ 5PM

ပေါက်​စ​ကောင်​တို့အတန်းပြီး​လောက်​ပြီ

တစ တစတိုးတက်​လာတဲ့ Yixingရဲ့Titration လုပ်​ရည်​ကိုင်​ရည်​​တွေကို မြှင့်​တင်​​ပေး​နေတဲ့ဆရာ​ပေါက်​စ​လေး

မနက်​ဖြန်​ ​ကျောင်းပိတ်​ရက်​ဆို​တော့ ​သောကြာ​နေ့ည​နေတိုင်း သူ့ကိုသင်​​ပေး​နေတဲ့Jun Myeonက Practicalတူတူလုပ်​ပြီးမှ သူ့ဆိုင်​ကယ်​နဲ့တူတူပြန်​​လေ့မရှိ

သေရမှာအလွန်​​ကြောက်​ရှာတဲ့ ဒင်း​လေး​ကြောင့်​ လူကျပ်​တဲ့Busကားကိုအတင်းတိုးစီးရတာလည်း.ဝါသနာလို​တောင်​ဖြစ်​​နေခဲ့​ပေါ့

Practicalခန်း​ရောက်​​တော့ အခန်း​ရှေ့က ​ကော်​ရစ်​တာမှာနံရံကိုမှီရပ်​ရင်းစာအုပ်​ဖတ်​​နေတဲ့Jun Myeon

အညို​ရောင်​သား​ရေလက်​ပတ်​ပြားအကြီးနဲ့နာရီ​လေးပတ်​ထားတဲ့ ညာဘက်​လက်​က စာအုပ်​ကြား​ခေါက်​ရာကိုဖိကိုင်​ထားတဲ့လက်​​ချောင်း​တွေကိုအားပြု​နေသည်

ဘယ်​ဘက်​ လက်​​ချောင်း​တွေက တဖက်​ထဲသိုင်းလွယ်​ထားတဲ့ ​ကျောပိုးလွယ်​အိတ်​ရဲ့ကိုင်း​တွေကိုခပ်​တင်းတင်းဖိဆုပ်​ထားတာမို့ အ​ကြောစိမ်းစိမ်း​တွေကိုပါမြင်​​နေရသည်

ဘာရယ်​စရာပါသည်​ရယ်​မသိ​ပေမဲ့ စူးစူးစိုက်​စိုက်​ဖတ်​​နေတဲ့မျက်​လုံးအိမ်​​တွေက နှစ်​နှစ်​လိုလိုပြုံးလိုက်​တဲ့နှုတ်​ခမ်းလွှာ​တွေနဲ့အတူတူမှိတ်​ကျမတတ်​ဖြစ်​သွားတတ်​သည်

သူ့ဟာသူရယ်​​နေရင်းနဲ့ရပ်​​နေတဲ့Yixingကိုမြင်​မှစာအုပ်​ကိုပိတ်​ချပြီး

"လာ​လေ....ဘယ်​ချိန်​ရှိပြီလည်း..ဘာ​တွေ​ငေး​နေမှန်းလည်းမသိဘူး:"

ချက်​ချင်း ဆူပုတ်​ကာက​လေးတစ်​​ယောက်​လိုအမူအရာ​လေးလုပ်​လိုက်​တဲ့Jun Myeon

Antidote(COMPLETED)Where stories live. Discover now