Part-27 (Z andU)

5.6K 667 130
                                    

Zawgyi

တဖြည်းဖြည်းနဲ့နီးလာတဲ့​ကျောင်းဖွင့်​ရက်​​တွေနဲ့အတူ သူတို့ချစ်​သူသက်​တမ်းပင်​၂လပြည့်​​တော့မည်​။

ကျောင်းဖွင့်​​စောတဲ့Yixingက အတန်းတက်​​နေရ​ပြီဖြစ်​​ပေမဲ့ Jun Myeonတို့က​တော့ ​နောက်​အပါတ်​မှတက်​ရမှာပင်​။

ကျောင်းဖွင့်​တာနဲ့ တန်းလာ​တော့မည့်​ Practical test​တွေအတွက်​ နှစ်​လ​နီး​ပါး ​ချောင်​ထိုးထားတဲ့ စာအုပ်​​တွေကိုပြန် ရှာပြီးစာကြည့်​​နေရပြီ။

P.Chem practicalအတွက်​ သင်​ထားတဲ့acid radical​​s​တွေကို ​သေချာidentificationလုပ်​နိုင်​ဖို့လိုတာမို့ Testတစ်​ခုချင်းဆီကို ​ခွဲခြားမှတ်​သားရသည်​။

Radicalတစ်​ခုဆန်းစစ်​ဖို့ ထည့်​ရမည့်​ acid​တွေကိုပြန်​စဉ်းစားရသလို observation​s​တွေလည်း ပြန်​ကျက်​​နေရပြန်​​ပေါ့။

Testလုပ်​ရင်းမှတ်​ထားမိတာ​ကြောင့်​ စာရွက်​​တွေထက်​ ဟိုနားကစာစု​လေးဖြစ်​လိုက်​ ဒီနားကစာ​ကြောင်း​လေးလာလိုက်​နဲ့ ​ကိုယ်​​ရေးထားတာကိုယ်​​တောင်​ ​သေချာပြန်​ပြူးပြဲကြည့်​​နေရတာ။

Pharmacologyအတွက်​ Terminology ​တွေပြန်​ကျက်​လိုက်​၊
Drug mechanisms​တွေပြန်​​နွေးလိုက်​နဲ့ ​နေ့ခင်းပိုင်းဆို အိမ်​ကပ်​​နေပြီဖြစ်​သည်​။

မကပ်​လည်း သူ့မှာဘယ်​သူနဲ့မှ​တွေ့စရာမရှိ။ Yixingကအတန်းတက်​တာ​ကြောင့်​ ည​နေခင်းပိုင်းသာခဏ​လောက်​​တွေ့ရတာ။ ညဘက်​ဆိုလည်း Guideဆိုလားသွားရတယ်​​ပြောတာပဲ။ သူကဒီိ​လောက်​ကြိုးစား​နေတာ Guideကယူရ​သေးလားမသိပါဘူး။

Xiuminနဲ့ တစ်​ခါတစ်​ခါ​တွေ့ဖြစ်​​​ပေမဲ့ ​တွေ့တဲ့အ​ခေါက်​တိုင်း နို့မပြတ်​​သေးတဲ့က​လေးလို တန်းလန်းပါလာလာတတ်​တဲ့Chenဆိုတဲ့​ကောင်​​ကြောင့်​ Jun Myeon​ထပ်​​တွေ့ဖို့မ​ပြောဖြစ်​တာကြာ​ပေါ့။

ဆိုင်​ထိုင်​လည်း ​ဘေးက​နေ ပွတ်​သီးပွတ်​သပ်​နဲ့ ​နေ​နေတာများ။ Xiuminကလက်​မပါတာကျလို့ တစ်​ရှူး​လေး အဆင်​သင့်​​ခေါက်​​ပေးရတာနဲ့။ ဇွန်းခက်​ရင်း​တွေကို ​ရေ​နွေးစိမ်​​​ပေးပြီး ​သေချာ​နေရာချ​ပေးရတာနဲ့ ။

Antidote(COMPLETED)Where stories live. Discover now