Part-12 (Z and U)

7K 846 149
                                    

Zawgyi

မနက်​ဖြန်​ ကျ​ရောက်​မဲ့အားကစားပြိုင်​ပွဲအတွက်​ မနားတမ်း​လေ့ကျင့်​ထားတာမို့​ခြေသလုံးကြွက်​သား​တွေကအ​တော်​​တောင့်​တင်း​နေပြီ

ဘောလုံးအသင်းဝင်​ဖြစ်​တာ​ကြောင့်​ အားလုံးညှိကာအချိန်​ရတိုင်း​ဆော့ကြရတဲ့အခါ ​ရှေ့တန်းတိုက်​စစ်​မှူးဖြစ်​တဲ့Yixingက ကိုယ့်​တာဝန်​ကိုအ​ကောင်းဆုံးလုပ်​လိုသည်

နှစ်​စဉ်​ လက်​​ရွေးစင်​အဖြစ်​​ရွေးချယ်​ခံခဲ့ရ​သော အသင်းအတွက်​မပင်​ပန်း​လောက်​ဖူးထင်​စရာရှိ​ပေမဲ့ အသစ်​ဝင်​လာ​သောဂျူနီယာ က​လေးများကိုပြန်​လည်​​လေ့ကျင့်​​ပေးရတဲ့အခါအရှိန်​အ​တော်​ယူရသည်

ပျက်​ကွက်​သွားတဲ့စာ​တွေကိုပြန်​လိုက်​ဖို့ လည်းပြန်​လုပ်​ရအုန်းမှာ...

ယ​နေ့လည်း​ကျောင်းပိတ်​ရက်​​ပေမဲ့ ​အေး​ဆေးမ​နေရ မနက်​ဖြန်​ ပြိုင်​ပွဲအတွက်​ ​ကျောင်းအားကစားကွင်းကိုသွားကာ​လေ့ကျင့်​ရေးဆင်းရသည်

ည​နေ​စောင်းခါနီးမှပြန်​ရတာမို့ လူကလည်း​ချွေးနံ့​တောင်​နံ​နေပြီ....

ကားဂိတ်​က​နေဆင်းကာ အိမ်​ဘက်​ပြန်​တဲ့လမ်းဘက်​ကို​လျှောက်​လာခဲ့တဲ့Yixing

ည​နေခင်း​လေ​ပြေ​လေးက တဖြူးဖြူးတိုက်​​နေတဲ့အပြင်​ ​နေ​ရောင်​ခြည်​ကလည်း အကျဘက်​​ရောက်​​နေပြီဖြစ်​တာ​ကြောင့်​ပတ်​ဝန်းကျင်​ အ​နေအထားကအ​တော်​​လေးလှသည်​ဟုဆိုရပေမည်

ရွက်​​ကြွေတချို့ရှိ​နေတဲ့ခပ်​ရှင်းရှင်းလမ်းမထက်​ဖြေး​ဖြေး​လျှောက်​မိသည်​..

ဘေးနားကစက်​ဘီဖြတ်​စီးသွားသူထံမှ သီချင်းညည်းသံကြားတဲ့အခါ ​ခေါင်းငုံ့ကာပြုံးလိုက်​မိသည်

"မင်းနဲ့ငါကြား မရည်​ရွယ်​ထားတဲ့စည်းတစ်​​ကြောင်းဖြစ်​​ပေါ်လာခဲ့ပြီမို့:🎵"

ဝေးသွားတဲ့စက်​ဘီးနဲ့တူတူ သူကြားမိလိုက်​တဲ့ တစ်​​ကြောင်းထဲ​သောစာသား​လေး

မျက်​စိထဲ​ပြေးမြင်​မိတဲ့​တစ်​​ယောက်​ထဲ​သောသူက မိမိအားအမြဲကြည့်​မရဖြစ်​​နေ​တဲ့ ​ပေါက်​စ​ကောင်

Antidote(COMPLETED)Where stories live. Discover now