Part-34 (Z and U)

4.2K 553 56
                                    

Zawgyi

Practical ​ဖြေပြီးထွက်​လာ​တော့ အခန်း​ရှေ့မှာ ​စောင့်​​နေတဲ့ Xiumin နဲ့ Chen။
ခုံနံပါတ်​ကိုလိုက်​၍ ​ဖြေရတဲ့ဘာသာမတူတာ​ကြောင့်​ ​ဖြေနှင့်​ပြီးသားသူတို့အတွဲက Jun Myeonကို ​စောင့်​​နေကြတာပင်​။

မ​နေ့ညက တစ်​ညလုံးမူးရူး​နေ​အောင်​​သောက်ဖြစ်ထား​​တာမို့ သိတတ်​တဲ့ Xiuminက အိမ်​ပြန်​မပို့ပဲ သူ့အိမ်​​ခေါ်သွားခဲ့တာပင်​။မနက်​ ကိုးနာရီ​ဖြေရမဲ့ စာ​မေးပွဲအတွက်​ မနက်​ ခုနှစ်​နာရီထိုးမှ လက်​​တွေ့လုပ်​နည်း​တွေပြန်​ကျက်​၊ equation​တွေပြန်​ဖတ်​နဲ့လုပ်​ရတာဖြစ်​သည်​။

လူကလည်း မ​နေ့က အရှိန်​မ​သေ​သေးတာ​ကြောင့်​ ​ခေါင်းကမကြည်​။ အဲ့ဒါအပြင်​ လက်​​တွေ့ခန်းထဲမှာလည်း acid​တွေ၊ base​တွေစမ်းသမျှ ဟိုနံ့ဒီနံ့​တွေနဲ့ မူးလဲချင်​ချင်ဖြစ်​​နေပြီ။

"​ဖြေနိုင်​ရဲ့လား.." Xiumin ရဲ့​ကျောပိုးအိတ်​ကို သယ်​ထားရင်းနဲ့ Chenက လှမ်း​မေး​တော့ Jun Myeon ​ခေါင်းအသာငြိမ့်​ပြလိုက်​သည်​။

"မနက်​တုန်းကလည်း စာကြည့်​​နေတာနဲ့ဘာမှမစားဘူး။ သွားမယ်​ ​ခေါင်းကြည်​​အောင်​ ရှူးရှူးရှဲရှဲသွားစားရ​အောင်​.." Xiuminက Jun Myeonပုခုံးကိုဖက်​လိုက်​ရင်းအသာဆွဲ​ခေါ်သွား​တော့ ဒီတိုင်းပဲလိုက်​လာလိုက်​​တော်​သည်​။လူကလည်း နှုတ်​ခမ်း​တွေက ကွဲပြီး​ခြောက်​​သွေ့​နေတာမို့ စကားသိပ်​မ​ပြောချင်​။

"အယ်​....Yi.."​နောက်​ကလိုက်​လာတဲ့ Chenအသံ​ကြောင့်​ သူနဲ့ Xiuminလှည့်​ကြည့်​​တော့ ပါးစပ်​ကိုအတင်းဘရိတ်​အုပ်​လိုက်​ပုံရတဲ့ Chen။

Jun Myeon​ဘေးပတ်​လည်​ကိုကြည့်​မိ​တော့ သူ။ မ​နေ့က Jun Myeonကိုစိတ်​ပျက်​တယ်​လို့​ပြောသွားတဲ့ ချီးထုပ်​​ကောင်​။
ကိုယ့်​မှာသာ မစားနိုင်​မ​သောက်​နိုင်​ဖြစ်​​နေတာ။ တကယ်​က စာမရ​သေးလို့မစားနိုင်​တာ​ပေမဲ့ စာမရတာက ဒင်း​ကြောင့်​ဆို​တော့ ဘာပဲဖြစ်​ဖြစ်​ သူ့​ကြောင့်​ပဲ။

သူက​တော့ ဂျူတီကုတ်​ဖြူဖြူနဲ့။ စာအုပ်​ကို ငုံ့ဖတ်​​နေတဲ့သူက ဒီ​နေ့ကျမှ ဆံပင်​​တွေကို ဂျယ်​နဲ့​သေချာလုပ်​ထား​သေးသည်​။ အရူး​ကောင်​....ငါနဲ့တူတူ​ကျောင်းမသွားရ​တော့ ​သောက်​ပဲများထားတာ.....ဟင့်​။

Antidote(COMPLETED)Where stories live. Discover now