Part-29

5.3K 648 70
                                    

ကျောပိုးအိတ်​​ကြီးကြီးကိုလွယ်​ကာ ခြံတံခါးကိုမှီရပ်​​နေတဲ့ ချစ်​သူ။ ဖုန်းကိုငုံ့ကြည့်​ပြီးသဲကြီးမဲကြီးကြည့်​​နေတာ ကိုယ်​လာ​နေတာ​တောင်​မမြင်​ရှာ။

ခပ်​ရှည်​ရှည်​အုပ်​အုပ်​ဖြစ်​​နေတဲ့ဆံပင်​​အညို​ရောင်​​လေး​တွေက မ​နေ့ည​နေကမှ သူနဲ့တူတူသွားပြီး ပုံသွင်းခဲ့ကြတာ။ နဂိုကမှ ချစ်​စရာအတိဖြစ်​​နေတဲ့​ကောင်​​လေးက မှိုလုံးအုပ်​အုပ်​​ကေ​လေးနဲ့ဆို​တော့ ​ဖောင်း​နေ​သောပါဖြူနုနု​တွေပါတွဲမြင်​ရတဲ့အခါ နှာ​ခေါင်းနဲ့​ပြေးထိုးချင်​စိတ်​ကတားမရဆီးမရ။

သူက​တော့ ​ရှေ့ဆံပင်​​တွေကိုလှိုင်းတွန့်​လို​ကောက်​ခဲ့သည်​။ Jun Myeonက​တော့ သူကျ​တော့က​လေး​ကေညှပ်​​ပေးခံရပြီး Yixingက လူကြီးဆိုဒ်​ပိလွန်းတယ်​ဆိုပြီး ပွစိထိုး​နေ​သေးသည်​။

အသာ​လေး​လျှောက်​သွားပြီး အတင်းငုံ့ကာ​ဆော့​နေတဲ့ ​ခေါင်​လုံးလုံး​လေးကိုဖိ​မွှေးပစ်​လိုက်​သည်​။Shampooနံ့သင်းသင်း​လေးက​မွှေးလွန်းလှသည်​။

လန့်​ဖြန့်​သွားပြီး အတင်း​မော့ကြည့်​လာတာ ပါးစပ်​​လေးပင်​ဝိုင်းဟလို့။

"အာ...Zhang Yixing လန့်​တာ...လမ်းကြီး​ပေါ်မှာ" သူ့အိမ်​ဘက်​​ခေါင်းလှည့်​လိုက်​၊ကိုယ့်​အိမ်​ဘက်​လှမ်းရှိုးလိုက်​လုပ်​​နေတာက ရှက်​တယ်​ဆိုတဲ့အထာ။ ဖွင့်​​ပြောမထား​ပေမဲ့ အိမ်​ကလူကြီး​တွေသိတာ​သေချာသည်​။ဒါကိုပဲ သူကပူပန်​​နေ​သေးတာ။

ဖုန်းကိုကျစ်​​နေ​အောင်​ဆုပ်​ကိုင်​ထားပြီး မျက်​​မှောင်​ကြုတ်​ ကာကြည့်​​နေပြန်​သည်​။ သူ့ကြည့်​ရတာမ​နေ့ကဆံပင်​ကိစ္စကို​ကျေနပ်​ပုံမ​ပေါ်​သေး။ Yixingဆံပင်​​တွေကို ကြည့်​ပြီးမဲ့လိုက်​တာမြင်​သည်​။

"ဘာလို့လည်း...ရှူံ့မဲ့​နေတာပဲကွာ" နှာ​ခေါင်းထိပ်​ကိုဆွဲညှစ်​ကာ​ပြော​တော့ အတင်းရုန်းကာ​နောက်​ဆုတ်​သွား​လေရဲ့။ တရှူးရှူးတရှားရှားနဲ့
"​ဒီတရုတ်​​ကောင်​​တော့ ​သေ​တော့မယ်​ ဖြတ်​ရိုက်​လိုက်​ရ.." ရိုက်​​တော့မယ်​ဆိုတဲ့အထာနဲ့ အံကိုကြိတ်​​ပြောတာ​လေးကလည်း ချစ်​ဖို့​ကောင်းသည်။ နှုတ်​ခမ်းနဲ့ရိုက်​ကွာလို့​ပြောလိုက်​ရင်​ သူပိတ်​ထိုးခံရ​တော့မှာ​သေချာသည်​။

Antidote(COMPLETED)Where stories live. Discover now