Part-17 (Z and U)

6.5K 803 189
                                    

Zawgyi

မ​ရေရာတဲ့ဆက်​ဆံ​ရေးတစ်​ခု​ကြောင့်​ ပို​ဝေးသွားမလား...ပိုနီးသွားမလား

ပေါ့​ပေါ့ပါးပါး​ပြောမိတဲ့ စကားတစ်​ခွန်းက လူနှစ်​​ယောက်​ကြားက ဆက်​ဆံ​ရေးကိုယိုင်​နဲ့​စေသလား

ဖြေဆို​နေရတဲ့စာ​မေးပွဲ​တွေ​ကြောင့်​မျက်​နှာချင်းဆိုင်​ဖို့ဆိုတာ​ဝေ​လာ​ဝေး

မေ​မေကလည်းမျက်​နှာမ​ကောင်းရှာ

ဟိုဘက်​အိမ်​သို့ ဘာကိစ္စမှမခိုင်း​တော့သလို Yixingနဲ့ပက်​သတ်​ပြီးစကားမစမိ​အောင်​​နေသည်

ပုံမှန်​ဆို Yixingအ​ကြောင်း​ပြောတိုင်း ဘုနဲ့​ဘောက်​သတ်​​နေကြတဲ့မိသားစုထမင်းဝိုင်းကလိုတာထက်​ပိုတိတ်​ဆိတ်​​နေသည်

ဒီကြားထဲ အလုပ်​ခရီးမပြတ်​တဲ့Daddy​ကြောင့်​ အိမ်​ကြီးက ပျင်းရိချင်​စရာ

ကျောင်းသွား​ကျောင်းပြန်​ တစ်​​ယောက်​ထဲဖြစ်​သလို Titrationလည်းဆက်​မသင်​​တော့တဲ့Yixingက သူတတ်​​မြောက်​သွားလို့ပါဆိုတဲ့အ​ကြောင်းပြချက်​သာ​ပေးသည်

ဒါလည်း ကိုယ့်​ဆီတိုက်​ရိုက်​မဟုတ်​ ဆရာမဆီကတဆင့်​သိရတာ​တွေ

စာ​မေးပွဲတွင်းဆို​တော့ သူလည်းသူ့စာနဲ့သူ ကိုယ်​လည်းကိုယ့်​စာနဲ့ကိုယ်​ မျက်​နှာ​တောင်​မမြင်​ရ

တွေ့လို​တွေ့ငြား ခြံထဲဆင်းကျက်​​ပေမဲ့လည်း အရိပ်​အ​ရောင်​​တောင်​မ​တွေ့

ကျက်​လက်​စPharmaconosyဟာအုပ်​ကိုရင်​ဘတ်​​ပေါ်တင်​ကာ သစ်​သားခုံတန်း​ပေါ်လှဲချလိုက်​သည်​(Pharmaconosy-ပရ​ဆေး​ဗေဒ၊အပင်​​တွေရဲ့ ​ဆေးဘက်​ဆိုင်​ရာအသုံးပြုမှု​တွေကို​လေ့လာခြင်း)

ခပ်​အုပ်​အုပ်​ဖြစ်​​နေတဲ့အပင်​​ကြောင့်​ ​နေ​ရောင်​စူးစူးက ကွက်​တိကွက်​ကြားသာဖြာကျသည်

ညာဘက်​လက်​ကို​ခေါင်းအုံးပြီး ရှည်​ထွက်​​နေတဲ့​ခြေ​ထောက်​နှစ်​​ချောင်းကို ​ကွေးကာမရမကတင်​​တော့ လူကပြုတ်​ကျ​တော့မတတ်

စားပွဲကိုအားပြုပြီး ဟန်​​ချက်​ညီ​အောင်​လုပ်​လိုက်​ရသည်

Antidote(COMPLETED)Where stories live. Discover now