Part-22 <Now,We're in Love👬>>

6.7K 794 88
                                    

Zawgyi

တ​နေ့တာလုံး Daddy အလုပ်​ဆင်းတဲ့Site​တွေဆီလိုက်​ကြည့်​ပြီးပြန်​လာ​တော့ ​ညောင်းညာပင်​ပန်းနေပြီ။

ကျောပိုးလွယ်​အိတ်​ကို ကုတင်​​ဘေးကခုံ​ပေါ်ပစ်​တင်​ပြီး ကုတင်​​ပေါ်လှဲချလိုက်​သည်​။

ပြေ​လျော့သွား​သောအ​ကြောဆိုင်​​တွေနဲ့အတူ ​ရောက်​ရှိလာနဲ့အိပ်​ချင်​စိတ်​။

ဝါး.....ပင်​ပန်းလိုက်​တာ

ဖိနပ်​ချွတ်​​တော့အားပင်​မကျန်​​တော့သလိုဖြစ်​​နေတာ​ကြောင့်​ ​ခြေ​ထောက်​ကိုကုတင်​​ပေါ်မတင်​ပဲ ​လေထဲမှာပဲထုတ်​ထားပြီး အိပ်​ဖို့လုပ်​လိုက်​သည်​။

ခဏ​လေးပဲ ၊ ပိကျိ​လေးပဲအိပ်​မှာ။

ကိစ္စမရှိ​လောက်​ပါဘူး​လေ။

မှေးစင်းလာတဲ့မျက်​​တောင်​​တွေနဲ့အတူ အိမ်​​ခေါင်​မိုးကသစ်​သားပြား​တွေကလည်း ​ဝေ့ဝါးသွားရသည်​။

.............................................................

ဖွင့်​လျက်​ရှိ​သောတံခါး​ကြောင့်​​ပေါက်​စ​ကောင်​​ရောက်​​နေမှန်းသိလိုက်​သည်​။

အန်​ကယ်​ရဲ့Siteထဲ​လျှောက်​ပတ်​ကြည့်​ရင်းပြန်​​ရောက်​လာ​တော့ ည​နေပင်​အ​တော်​​စောင်း​နေခဲ့ပြီ။

ပြန်​​ရောက်​​ရောက်​ချင်း အ​မောမ​ဖြေနိုင်​​သေး မနက်​ဖြန်​ သွားမည့်​​ရေတံခွန်​ဆို​သော​နေရာအတွက်​ Tank​တွေဘာ​တွေ လိုအပ်​တာပြင်​ဆင်​ရ​သေးသည်​။

ပေါက်​စ​ကောင်​က​တော့ အီအဲနဲ့ ညည်းညူတက်​သွားတာပြန်​ဆင်းမလာ​တော့။

ကြည့်​စမ်းပါဦး ဖိနပ်​စီးလျက်​သားကြီးအိပ်​​ပျော်​​နေလိုက်​တာများ။

စွပ်​ကျယ်​အနက်​​ပေါ်က​နေ​ဝတ်​ထားတဲ့ ဂျာကင်​အမဲ​လေးကခပ်​​လျှော​လျှောဖြစ်​​နေတာ​ကြောင့်​ လက်​​မောင်းက ကြက်​ဥကအထင်းသားနဲ့။

ချောင်​ခိုချင်​တဲ့ကပ်​ပါး​လေး~

မြေကြီးဝါဝါ​တွေ​ပေပွ​နေတဲ့ ဖိနပ်​​လေးကိုချွတ်​​ပေးလိုက်​​တော့ ပန်း​ရောင်​​ခြေအိတ်​​လေးကထင်းကးခနဲ။

Antidote(COMPLETED)Where stories live. Discover now