Chapter-1(Zawgyi)

43.7K 997 14
                                    

**********

Chapter-1

"​တောင်​ ​တောင်​ ​တောင်​"

"ကဲ ​မုန့်စားေ​ကျာင်းလဲဆင်းပြီဆို​တော့ ဆရာမတို့ ဒီအပိုဒ်​နားမှာပဲ ခဏရပ်​ထားရ​အောင်​"

"​အော်​ ​မေ့​တော့မလို့ လပတ်​စာ​မေးပွဲက ​နောက်​အပတ်​ထဲမှာ​နော်​ ရက်​​တော့အတိအကျမ​သိ​သေးဘူး"

"စာ​တွေကျက်​ထားကြ​တော့​တော့​နော်
ဆရာမတပည့်​​တွေက​တော်​ပြီးသားပါ"

"ကဲ ကဲ နှုတ်​ဆက်​ကြ​တော့"

"မင်္ဂလာပါဆရာမ ​ကျေးဇူးတင်​ပါတယ်​ဆရာမ"

မြန်​မာဆရာမ ​ဒေါ်လှလှယဉ်​ ထွက်​သွားသည်​နှင့်​တစ်​ပြိုက်​နက်​ ​ကျောင်းခန်းအတွင်းဆူညံသံများ စတင်​ထွက်​​ပေါ်လာ​သည်​။

ကျွန်​​တော်​တို့ ​ကျောင်းမှာ တစ်​​နေကုန်​​ကျောင်းဖြစ်​၍ မုန့်​စား​ဆင်းချိန်​မှာ ​နေ့လည်​ ၁၂နာရီမှ ၁နာရီ ထိ အချိန်​တစ်​နာရီရ​လေသည်​။

ထို့​ကြောင့်​ အချို့မှာ အိမ်တွင်​​ထမင်းပြန်​စားရန်​ ထွက်​သွားကြ​ချေပြီ။

ထမင်းချိုင့်​ပါ​သော ​ကျောင်းသားအနည်းငယ်​သာ အခန်းထဲတွင်​ ကျန်​ခဲ့​လေသည်​။

"​ဟျောင့်​ ရဲမာန်​ မင်းစာ​တွေရ​နေပြီလား"

ထမင်းချိုင့်​ပါ​သော သူနဲ့ သူ့ သူငယ်​ချင်း မြတ်​မင်းဟန်​တို့ ထမင်းစားရင်း မြတ်​မင်းဟန်​မှ ​မေးလိုက်​ခြင်းဖြစ်​သည်​။

"သိပ်​မရ​သေးဘူးကွ မင်း​ကော"

"အတူတူပဲ ​ဟျောင့်​​ရေ ဘာ​ဖြေရမှန်းကိုမသိ​သေးတာ"

"ဟာာား"

နှစ်​​ယောက်​သားပြိုင်​တူ​ရယ်​လိုက်​မိကြသည်

တကယ်​​တော့ ကျွန်​​တော့နာမည်​အရင်းက
"လင်းရဲမာန်​"

သူငယ်​ချင်း​တွေက​တော့ ရဲမာန်​ ဟုသာ ​ခေါ်ကြသည်

အတန်းထဲတွင်​ စာအ​တော်​ဆုံးမဟုတ်​​သော်​လည်း
အညံ့စာရင်းထဲတွင်​မပါ
အလယ်​အလတ်​ထဲပင်

Butterfly(Completed)Where stories live. Discover now