Chapter-8

7.8K 586 2
                                    


"ဟင်း~~ဟင်း~~ဟင်း"

~~ဟမ်​ ငါကိုယ်​​တွေပူ​နေပါလား~~

ည​နေ​ကျောင်းကပြန်​လာတုန်းက ​ခေါင်းကိုက်​​နေ
သည်​နှင့်​ အိပ်​ရာ​ပေါ် ခနလှဲ​နေလိုက်​တာ အိပ်​​ပျော်
သွားသည်​ထင်​သည်​~~

အခုပြန်​နိုးလာ​တော့ ကိုယ်​​တွေပူ​နေခြင်း ဖြစ်​သည်​~

သူက ငယ်​ငယ်​တည်းက ကျန်းမာ​ရေးချူချာ သူတစ်
ယောက်​မို့ ကိုယ်​ပူ ဖျားနာတာ​လောက်​က သူ့အ
တွက်​​ အဆန်းမဟုတ်​​တော့~~

သို့​သော်​ ဒီ​နေ့မှ​မေ​မေကလည်း ပြင်​ဦးလွင်​ကို အလုပ်​ကိစ္စနဲ့ ပြန်​သွားတာ မနက်​ဖန်​​လောက်​မှ ပြန်​​ရောက်​မည်​~~~

အခုလို ​မေ​မေ ပြင်​ဦးလွင်​ သွားရသည့်​ ရက်
တွေ ဆိုလျှင်​ သူနဲ့ ခြံ​စောင့်​ ဦး​လေးသာ​အောင်​ တို့
လင်​မယားသာ ကျန်​ခဲ့သည်​~~

~~​သေတာပဲကွာ~~

လူက​တော့ အိပ်​ရာ​ပေါ်က​တောင်​ မထနိုင်​~~

ခန​နေ​တော့ မျက်​လုံး​တွေေ၀၀ါးလာကာ ​လောက
ကြီးနှင့်​ ခနတာမျှ အဆက်​အသွယ်​ ပြတ်​သွားခဲ့
သည်​~~

"လင်း​လေး"

~~ဟင်​ ဒါကိုကို့အသံပဲ~~

နှစ်​​တွေ ကြာခဲ့သည်​တိုင်​ သူ ​ကိုကို့အသံကို​တော့ မှတ်​မိပါ​သေးသည်​~~

"ကိုကို~~ကိုကိုလားဟင်​"

ခန​ကြာ​တော့ သူ့အ​ရှေ့ကို ​ကောင်​​လေးတစ်
ယောက်​ ​ရောက်​လာသည်​~~

ပုံစံမှာ ကိုးနှစ်​ ဆယ်​နှစ်​သား​လောက်​​တော့ရှိမည်​~~

ဆွယ်​တာ အစင်း လက်​ရှည်​​လေးနဲ့ style
ဘောင်းဘီ အနက်​​ရောင်​ ​လေးကို ကျကျနန ၀တ်​ထားသည်​~~

လက်​နှစ်​ဖက်​ကိုလဲ ​ဘောင်းဘီအိတ်​ထဲထည့်​ကာ သူ့ဆီ တစ်​လှမ်းချင်း ​လျှောက်​လာ​နေ​သော 
ကောင်​​လေးတစ်​​ယောက်​~~~

သူ​နား​ရောက်​လာ​တော့ မျက်​နှာ​လေးကို ​သေချာ
ကြည့်​လိုက်​​မိသည်

"ဟမ်​ ကို~~ကိုကို"

ဟုတ်​ပါသည်​! သူအရမ်းချစ်​ခဲ့ရ​သော သူ့ကိုကို
လင်းလက်​သူရ ပင်​~~~

Butterfly(Completed)Where stories live. Discover now