Chapter-39

8.6K 381 4
                                    

မနက်​ခင်း​နေ​ရောင်​က မျက်​နှာ​ပေါ်သို့ ​နွေး​ထွေးစွာ
ဖြာကျလာသည်​~~~

အပြင်​ဘက်​ဆီက ငှက်​က​လေး​တွေရဲ့ ကျလိကျလိ နဲ့
အော်​သံ​လေး​တွေက နားထဲမှာ သာယာသလို​တော့ရှိသား~~

သာယာ​နေတဲ့ မနက်​ခင်း​လေးကို ပိုပြီးပြည့်​စုံသွား​စေတာက​တော့ သူ့ရင်​ခွင်​ထဲက ​ကောင်​​လေး​​ကြောင့်~

သူ့အတွက်​​တော့ အဲ့​ကောင်​​လေးရဲ့ ပါးမို့မို့​လေး​တွေက ကိုက်​ဆွဲချင်​စရာ~~~

ရှည်​လျားလှတဲ့ မျက်​​တောင်​​လေး​တွေနဲ့ မျက်​လွှာ​လေးကိုချပြီး သူ့ရင်​ခွင်​ထဲမှာ အပူအပြင်​ကင်းစွာ အိပ်
စက်​​နေ​တဲ့ အနှီ​ကောင်​​လေး~~~

သကြားလုံး​လေးလိုချိုတဲ့ နီနီရဲရဲ နှုတ်​ခမ်းဖူး​​လေး
တွေကလဲ သူစွဲလမ်းနှစ်​သက်​ရတဲ့ အဲ့​ကောင်​​လေးရဲ့
အစိတ်​အပိုင်းတစ်​ခု~~~

"ရွှတ်​"

သူအဲ့​ကောင်​​လေး နဖူး​ပေါ်သို့ နမ်းရှိုက်​လိုက်​​တော့
ပိုးတုံးလုံး​လေးလို ကိုယ်​​လုံး​လေးတွန့်​သွားသည်​~~

"ကျ​နော့်​ကို ဘာလို့နမ်းလိုက်​တာလဲ!"

"ဟမ်​!"

ဘယ်​တုန်းထဲက နိုး​နေမှန်းမသိတဲ့ အဲ့​ကောင်​​လေး~

"Baby က ကိုကို့ ကိုဆွဲ​ဆောင်​​နေတာကိုး!"

"​တော်​ပါ! ကျ​နော့်​ဟာ ကျ​နော်​အိပ်​​နေတာ​လေ!

ကိုရှင်းသန့်​ကို ဘယ်​မှာ ဆွဲ​ဆောင်​​နေလို့လဲ!"

"အာ့ဆို ဘာလို့ ချစ်​စရာ​ကောင်း​အောင်​အိပ်​​နေတာလဲ!"

"................."

သူ​ပြောလိုက်​​တော့ မျက်​နှာ​လေး​ နီရဲသွားပြီး
ခရမ်းချဉ်​သီးကြီး ဖြစ်​သွားပြန်​သည်​~~~

"Baby!"

ပြောလိုက်​ကာမှ ​စောင်​ကို ​ခေါင်းမီးခြုံ ပြီး ဟို
ဘက်​လှည့်​သွား​လေရဲ့~~~

စောင်​က တစ်​ထည်​ထဲမို့ သူလဲ​ခေါင်းမီးခြုံလိုက်​ကာ
သူ့ကို​ကျောခိုင်းထားတဲ့ အဲ့​ကောင်​​လေးရဲ့ တင်​ပါးအစုံကို လက်​နှစ်​ဖက်​ဖြင့်​~~~

Butterfly(Completed)Where stories live. Discover now