Beautiful Life-2(Unicode)

5.2K 164 4
                                    

အပြင်​မှာ မိုးစက်​​လေး​တွေ​ရဲ့ တ​ဖြောက်​​ဖြောက်​ကျသံ​လေး​တွေက နားထဲမှာ နား၀င်​ပီယံရှိလှသည်​။မိုးန​ဲ့ပတ်​သတ်​ပြီး အတိတ်​ဆိုး​တွေ ရှိခဲ့​ပေမဲ့လို့ မိုးရာသီဆိုတာက သူအကြိုက်​ဆုံးရာသီ​ပဲ မဟုတ်​လား။ သူ့
​ဘေးမှာ​တော့ နှစ်​ခြိုက်​စွာ အိပ်​​မောကျ​နေတဲ့ "ကိုကို"။ ညက သူစိတ်​ဆိုးပြီး ဂျီကျထားတာမို့ ​
​ကောင်​း​ကောင်​း အိပ်​​ပျော်​ပုံမရ။

ဘယ်​သူ ထင်​မှာလဲ​နော်​။ ကျွန်​​တော်​့အိမ်​မက်​​တွေ တကယ်​ဖြစ်​လာမယ်​လို့။ 'ရှင်​းသန်​့ကိုကို´ ဆိုတဲ့
သူ့လို ပျိုတိုင်​းကြိုက်​တဲ့ နှင်​းဆီခိုင်​က ကျွန်​​တော်​့ရဲ့
ကိုကို ဖြစ်​လာမယ်​လို့။ အခုလဲ ကြည်​့​လေ။ အိပ်​​နေတဲ့ ပုံ​လေးကိုက တည်​ကြည်​ရှင်​းသန်​့လွန်​း​နေသည်​။

ဖြူ ၀င်​းပြီးကြည်​လင်​​နေတဲ့ မျက်​နှာ​ပေါ်မှာ မတိုလွန်​းမရှည်​လွန်​းတဲ့ ဆံပင်​​လေး​တွေက ကျ​နေ​လေရဲ့။

အခုလိုကျ​တော့လဲ က​လေးကြီးတစ်​​ယောက်​လိုပင်​။

အပြင်​မှာ​တော့ တကယ်​့ကို တည်​ငြိမ်​ရင်​့ကျက်​တဲ့
ကျွန်​​တော်​့'ကိုကို´။

ကျွန်​​တော်​့ရဲ့အလိုကိုအမြဲလိုက်​ပြီး ကျွန်​​တော်​့​ဘေးမှာရှိ​နေ​ပေးခဲ့တဲ့'ကိုကို´။

ကျွန်​​တော်​့ကို ဒဏ်​ရာ​တွေ​ပေးပြီး အဲ့ဒဏ်​ရာ​တွေကို
သူကိုယ်​တိုင်​ပဲ ပြန်​ကု​သ​ပေး​နေတဲ့ 'ကိုကို´။

သူသာ အနားမရှိ​တော့ရင်​ဆိုတဲ့စိတ်​က လုံး၀စိတ်​ကူးလို့မရ။ကျွန်​​တော်​သာ သူ့အနားမရှိ​တော့ရင်​ သူ
ဘယ်​လို​နေမလဲ မသိ​ပေမဲ့ သူသာ ကျွန်​​တော်​့အနား
မရှိ​တော့ရင်​ ကျွန်​​တော်​့ရဲ့ ​ပျော်​ရွှင်​​နေတဲ့ဘ၀​လေး
လုံး၀ ကျိုးပဲ့ပျက်​စီးသွားမှာ ​​သေချာသ​လောက်​ပင်​~~
~~မဟုတ်​ဘူး~~တကယ်​့ကို ပျက်​စီးသွားမှာ~~

​တွေးရင်​း 'ကိုကို´ဆိုတဲ့သူ ကျွန်​​တော်​့ဘ၀ထဲက
​ပျောက်​ကွယ်​သွားမှာ စိုးတာမို့ သူ့ရင်​ခွင်​ပြင်​ကျယ်​
ကြီးထဲ၀င်​ပြီး လွတ်​ထွက်​သွားမည်​့အလား သိုင်​းဖက်​ထားလိုက်​သည်​။

Butterfly(Completed)Wo Geschichten leben. Entdecke jetzt