Chapter-11

7.7K 472 5
                                    

ထို​နေ့က ဆုလဲ့ကို ကျွန်​​တော်​နဲ့မြတ်​မင်း
အာ​ပေါက်​​အောင်​ ​ပြောပြီး ပြန်​​ခေါ်ခဲ့ရသည်
ဒါ​တောင်​မနည်း ​ဖျောင်းဖျ​​ပြောခဲ့ရသည်

"အဲ့​ကောင်​မနဲ့ စာရင်းသွားရှင်းမယ်​"ဟုသာ ပါးစပ်​က
တတွတ်​တွတ်​ ​ပြော​နေ​သော​သော​ကြောင့်
နောက်​ဆုံး​တော့ စာ​မေးပွဲနှင့်​ကိုင်​​ပေါက်​ခဲ့ရသည်
ဟုတ်​သည်​ နှစ်​၀က်​စာ​မေးပွဲမှာလည်း မကြာခင်​​ဖြေ
တော့မည်​ ဖြစ်​သည်​ ​ကျွန်​​တော့်​အ​နေနှင့်​လည်း
ဆုလဲ့ကို စာ​မေးပွဲ မ​ဖြေခင်​ ပြသနာတစ်​စုံတစ်​ရာ
မဖြစ်​​စေလို​ပေ

***********

ကျွန်​​တော်​အခုတ​လော ကို့ကိုကိုယ်
သတိထားမိသည်

ကိုရှင်းသန့်​ စာသင်​လျှင်​ စာကိုစိတ်​မ၀င်​စား
အကြည့်​​တွေက စာအုပ်​​ပေါ်ကိုမ​ရောက်
ကိုရှင်းသန့်​ မျက်​နှာ​ပေါ်ကိုသာ ​ရောက်​​ရောက်
သွားတတ်​သည်​မို့ မနည်းစိတ်​ကို ပြန်​စုစည်းထား
ရသည်

တစ်​ခါတစ်​​လေ ကိုရှင်းသန့်​နှင့်​ အကြည့်
ခြင်းဆုံသည့်​အခါ ရင်​ထဲတွင်​ ဗ​လောင်​ဆူကာ
သံစုံတီးဝိုင်းများက တီးခတ်​သွားသ​ယောင်

ကျွန်​​တော်​ကိုယ်​တိုင်​လဲ ကို့ကိုယ်​ကို နားမလည်

ကိုရှင်းသန့်​ ကျွန်​​တော့်​ကိုဂရုစိုက်​​ပေးသည့်​အခါ
ပျော်​မိသည်

ကိုရှင်းသန့်​နှင့်​ အတူတူ ရှိ​နေသည့်​အချိန်​ဆို သူအရာအားလုံးကို ​မေ့​နေတတ်​သည်

ဒီခံစားချက်​ကြီးကို လွန်​ခဲ့​သော တစ်​ပတ်​​ကျော်
လောက်​ကမှ သိသိသာသာကြီး သတိထားမိခဲ့ခြင်း
ဖြစ်​သည်

ကျွန်​​တော်​ ကိုရှင်းသန့်​အ​ပေါ် ဘယ်​လို သ​ဘောထားတာလဲဆိုတာကို ညတိုင်း ကိုယ့်​ကိုကိုယ်
ပြန်​​မေးမိသည်

ဆရာတစ်​​ယောက်​အ​နေနဲ့ ခင်​တွယ်​မိတာလား......

အကိုတစ်​​ယောက်​အ​နေနဲ့ သံ​ယောဇဉ်​ ဖြစ်​မိတာလား......

ဒါမှမဟုတ်​.........

အဲ့လို ပြန်​ဆန်းစစ်​တိုင်​လည်း ​ခေါင်း​တွေသာ ထူပူ
လာသည်

Butterfly(Completed)Where stories live. Discover now