Part-27(Unicode)

2.5K 178 0
                                    

​ဆေးရုံရဲ့ Emergency အခန်​းထဲမှာ အမြန်​နှုန်​းနဲ့
သွား​နေ​သော ဘီးတပ်​ယာဉ်​တစ်​ခု~~~~

​ဘေးက​နေ ပြာယာခတ်​​နေ​ကြတဲ့ ဆရာ၀န်​နဲ့ nurse မများ~~~

"ဆရာမ လူနာက ​သွေးထွက်​လွန်​​နေတာမို့
​သွေးသွင်​းဖို့ အဆင်​သင်​့လုပ်​ထားပါ"

"ဟုတ်​"

"ဆရာမက နှလုံးခုန်​စက်​အဆင်​သင်​့ပြင်​ထားပါ"

"ဟုတ်​"

"​သား​လေး! သား​လေး! သတိထားဦး​လေ
အားတင်​းထား​နော်​ သား​လေး!
ဟင်​့~~သား​လေးရယ်​"

သားဖြစ်​သူ​ကိုတင်​သွားတဲ့ ဘီးတပ်​ကုတင်​​နောက်​က
​လိုက်​ရင်​း မျက်​ရည်​နဲ့မျက်​ခွက်​ဖြစ်​​နေတဲ့ ​ဒေါ်ရွက်​ဝါ

"စိတ်​မပူနဲ့ အန်​တီရယ်​ လင်​း​လေးဘာမှဖြစ်​မှာ
မဟုတ်​ပါဘူး~~​နော်​~~ဟင်​့~~"

​ဒေါ်ရွက်​ဝါ​ကို ​ဘေးက​နေတွဲထားပြီး အား​ပေး​နေ
ရ​သော်​လည်​း ကိုယ်​တိုင်​က ရိုှက်​သံပါ​နေတ​ဲ့
ဖြူ စင်​လွန်​း~~

"လူနာရှင်​​တွေ အခန်​းထဲလိုက်​၀င်​လို့မရပါဘူး
အပြင်​မှာပဲ ​နေခဲ့​ပေးပါ"

nurse မ​လေးက​ပြောပြီး အခန်​းတံခါးပိတ်​သွားသည်​

ဖြူ စင်​လွန်​းရင်​ထဲ မီးစနဲ့ထိုးသလိုပူ​လောင်​လျက်​~~

အန်​တီရွက်​ဝါဆိုရင်​​တော့ ​ပြောဖို့​တောင်​လို​တော့
မယ်​မထင်​~~~

~~အရှင်​ဘုရား က​လေးတစ်​​ယောက်​လိုဖြူ စင်​ပြီး
စိတ်​​ကောင်​းရှိတဲ့ တပည်​့​တော်​​မောင်​​လေး
ဘာမှမဖြစ်​ပါ​စေနဲ့ဘုရား~~

~~နတ်​​ကောင်​းနတ်​မြတ်​များ ​စောင်​့​ရှောက်​
ကူညီ​ပေးကြပါ~~

ပါးစပ်​မှလည်​း ရသမျှဘုရားစာ​တွေကို ရွတ်​​နေ
လိုက်​သည်​

အန်​တီရွက်​ဝါက​တော့ ခုံ​လေး​ပေါ်မှာ ​တွေ​တွေ
လေးထိုင်​ကာ ပါးစပ်​ကလှုပ်​​နေသည်​မို့ ဘုရားစာ​
ရွတ်​​နေသည်​ထင်​သည်​

သူလဲ ​တကိုယ်​လုံး​ထူပူ​နေပြီး အခန်​း​ရှေ့တွင်​သာ
​ခေါက်​တုန်​့​ခေါက်​ပြန်​ ​လျှောက်​​နေမိသည်​

Butterfly(Completed)Where stories live. Discover now