Chapter-15

7.5K 429 1
                                    

"ပြန်​ရ​အောင်​ ညီမ​လေး"

"ဟာ ကို​သွေးက လဲ ဒီမှာကလို့​ကောင်း​နေတဲ့ဟာကို မပြန်​ချင်​​သေးပါဘူး"

"အရမ်း​နောက်​ကျ​နေပြီ ပြန်​ရ​အောင်​​နော်​"

"ဟာကွာ ကို​သွေးတို့က​တော့ လုပ်​ပြီ ​အေ့"

Club မှာ က​ကောင်း​နေ​တာမို့ မနည်းပြန်​​ခေါ်ခဲ့ရ
သည်

ချဉ်​စုတ်​စုတ်​နံ့ ကလည်း နှာ​ခေါင်းထဲ စူးခနဲ

လူကိုကြည့်​​တော့လဲ ရွဲပလဲ​နေပြီ

ဒါ​တောင်​ ဒင်းက မပြန်​ချင်​ဘူးလုပ်​​နေ​သေးတယ်

ညဉ့်​နက်​​နေတာ​တောင်​ အိမ်​ပြန်​မ​ရောက်​​သေးတာမို့
လိုက်​လာခဲ့တာ ထင်​တဲ့အတိုင်း

Club ထဲမှာ မူးပြီး ​ကွေး​နေ​အောင်​က​နေ​သော
သူ့အချစ်​​တော်​ ညီမ​လေး ဆူးခက်​နွယ်

မိဘ​တွေကွဲသွားပြီးထဲက ပန်းချီ​သွေး ကသာ
သူ့ ကို အရိပ်​တကြည့်​ကြည့်​ ​စောင့်​​ရှောက်
ခဲ့ရသည်

အ​ဖေကလည်း ​သူတို့ကို ​ခေါ်ထားခဲ့တယ်​ဆို​ပေမဲ့
နောက်​အိမ်​​ထောင်​ပြုလိုက်​သည်

မိ​ထွေးတို့ဆိုသည်​မှာလည်း ထုံးစံအတိုင်း

သူတို့ကို ကြည်​ဖြူ လှသည်​မဟုတ်

မိ​ထွေးနဲ့ ​နေရတယ်​ဆို​ပေမဲ့
ကျ​နော်​တို့် ​မောင်​နှမ နှစ်​​ယောက်​လုံးက ပုံပြင်​​တွေ
ဇာတ်​လမ်း​တွေထဲကလို အနှိပ်​စက်​ခံ​တွေ​တော့
မဟုတ်

ပြောရရင်​ ကို​ယ်​​တွေကသာ သူ့ကို ​ဖေ့​ဖေ့ဆီမှာ
ကုန်းပြန်​တိုက်​ခဲ့သည်​ကသာ များသည်

မိ​ထွေးဆိုပြီး အာဏာလာပြဖို့​တော့ မစဉ်းစားနဲ့

သေသွားမယ်​ ရှင်​သွားမယ်​ မ​သေမရှင်​ ဖြစ်​သွားမယ်

ဘာ​တွေဖြစ်​​နေပါ​စေ ညီမ​လေးကို​တော့ အထိမခံနိုင်

တစ်​ဦးထဲ​သော ညီမ​လေးမို့ ရင်​နှင့်​အမျှ ချစ်​ခဲ့ရသည်

အရာရာ အလိုလိုက်​ခဲ့သည်

မိဘ​တွေရဲ့ ​မေတ္တာမရခဲ့​ပေမဲ့ အကိုကြီး​အဖရာဆို
တဲ့အတိုင်း အရာရာသူကပဲ ဦး​ဆောင်​ခဲ့သည်

Butterfly(Completed)Tempat cerita menjadi hidup. Temukan sekarang