Part-9(Unicode)

2.9K 206 0
                                    

မနက်​ခင်​း​နေ​ရောင်​က မျက်​နှာ​ပေါ်ဖြာကျလာသည်​

သူမျက်​လုံးကိုဖြည်​းဖြည်​းချင်​းဖွင်​့ကြည်​့လိုက်​မိသည်​

"မင်​း နိုးလာပြီလား"

~~ဟမ်​ ကိုရှင်​းသန်​့က ဘယ်​လို​ရောက်​​နေတာလဲဟ~~

"​ရော့ ဒီမှာ ဆန်​ပြုတ်​ ပူတုန်​း​လေး​သောက်​လိုက်​!
ပြီးရင်​ ​ဆေး​သောက်​ရဦးမယ်​!"

သူလက်​​တွေ ကတုံကယင်​နှင်​့ ဆန်​ပြုတ်​ပန်​းကန်​ကို
ယူဖို့ လက်​လှမ်​းလိုက်​သည်​

"​တော်​​တော့ ငါပဲ တိုက်​​တော့မယ်​!

မင်​းလက်​​တွေအဲ့​လောက်​​တောင်​ တုန်​​နေ​ရ​အောင်​ ဘာလဲငါ အဆိပ်​ထည်​့ထားမှာ​ကြောက်​လို့လား ​
​ရော့!"

ကိုရှင်​းသန်​့က ဆန်​ပြုတ်​ကို ခပ်​ကာ ပူ​နေ​သေး​သော
​ကြောင်​့ မှုတ်​​ပေးပြီးမှ သူ့ကို ခွံ ့​ပေးသည်​

"က​လေး ထမင်​းခွံ ့​နေရသလိုပဲ"

"ဗျာ"

"ဘာမှ မဟုတ်​ဘူး ပြီးရင်​ ​ဆေး​သောက်​ရမယ်​လို့"

"အင်​း"

"မင်​း ဒီ​နေ့ ​ကျောင်​းမသွားရင်​ မသွားနဲ့​တော့​လေ"

"အင်​း"

"​အန်​တီက ဒီ​နေ့ပြန်​လာမှာ မလား"

"အင်​း"

"မင်​း ဘာဖြစ်​​နေတာလဲ တအင်​းအင်​းနဲ့"

"ဟို~~ဟိုဟွာ​လေ~~ကိုရှင်​းသန်​့ ဘယ်​အချိန်​ထဲက
ကျွန်​​တော်​့ဆီ ​ရောက်​​နေတာလဲဟင်​"

သူည​နေက ကိုယ်​​တွေပူ​နေပြီး အိပ်​​ပျော်​သွားတာ​တော့သိသည်​~~

​နောက်​​တော့ဘာဆက်​ဖြစ်​မှန်​းမသိ​​တော့~~

ကိုရှင်​းသန်​့ ဘယ်​အချိန်​​ရောက်​လာမှန်​းလဲမသိ~~

"ညထဲက"

"ဟမ်​"

"ဟုတ်​တယ်​ ငါလာ​တော့ မင်​းအဖျားတက်​​နေတာ​တွေ့တာနဲ့ ​မင်​းကို​ရေပတ်​တိုက်​​ပေးပြီး ​စောင်​့ကြည်​​နေ
ရင်​း ငါလဲအိပ်​​ပျော်​သွားတာ!

Butterfly(Completed)Donde viven las historias. Descúbrelo ahora