Chapter-5

9.2K 559 0
                                    

"သား ရဲမာန်​ သားအတွက်​ ​မေ​မေ Guideဆရာ
တစ်​​ယောက်​ ရှာ​ထား​ပေးတယ်​"

စာလုပ်​​နေ​သော သူ့အခန်းထဲသို့ ​​​မေ​မေ၀င်​လာကာ 
ဖျော်​လာ​သော သံပုရာရည်​ခွက်​ကို လှမ်း​ပေးသည်

တစ်​ငုံ​လောက်​ ​သောက်​ပြီးမှ

"​မေ​မေရယ်​ Guide ​တွေဘာ​တွေ မလိုပါဘူး သားလဲ စာအဲ့​လောက်​မညံ့ပါဘူး"

"​မေ​မေသိပါတယ်​ကွယ်​ ဒါ​ပေမဲ့ ဆယ်​တန်းဆိုတာက တခြားအတန်း​တွေနဲ့ မတူဘူး​လေ ကြိုးစားနိုင်​မှ
တော်​ကာကျမှာ ဒီစာ​မေးပွဲမှာ ထူးထူးချွန်​ချွန်​​အောင်​မှ သားရည်​မှန်းချက်​​တွေ ​ရှေ့ဆက်​ခွင့်​ရှိမှာ
ဒါ​ကြောင့်​လည်း ​မေ​မေက......"

"ဟုတ်​ပါပီ ​မေ​မေရယ်​ သား နားလည်​ပါပြီ"

"ဒီက​လေးက​တော့​လေ ​မေ​မေ့စကား​တောင်​ မဆုံး​သေးဘူး"

"ဟီး ​မေ​မေ​မော​နေမှာဆိုးလို့"

"ဒါနဲ့ သားဆရာ မနက်​ဖန်​ည လာလိမ့်​မယ်​ 
လျှော့​တော့မတွက်​နဲ့​နော်​ သားဆရာက 
ဆေး​ကျောင်း ပထမနှစ်​ တက်​​နေတာ ကဲကဲ စာလုပ်
တော့ ​မေ​မေသွား​တော့မယ်​"

မေ​မေ အခန်းထဲမှထွက်​ သွားသည်​နှင့်​ ရဲမာန်​သက်
ပြင်းချမိသည်

~~ရည်​မှန်းချက်​​တွေ ဖြစ်​လာဖို့ ဒီတစ်​နှစ်​​တော့ သည်းခံပြီးစာ ကြိုးစားရ​တော့မှာပဲ​လေ~~

***********

"သား​ရေ မင်းဆရာလာပြီ"

မေ​မေ့အသံကြားသည်​နှင့်​ ဆင်းလာခဲ့လိုက်​သည်

ရင်​​တော့နည်းနည်းတုန်​​နေ မိသည်

မေ​မေ ငှါးထား​သော Guide မှာသူ့ကို အရမ်း​အော်​​လေ မလား
အရမ်း ရိုက်​ အရမ်းဆူ​လေမလား
စိတ်​ထဲက အမျိုးမျိုး​တွေးလျက်​ ရင်​တုန်​ပန်းတုန်​ဖြင့်​ အိမ်​​အောက်​​​ရောက်​လာခဲ့သည်

"ဒါက​တော့ အန်​တီ့သား​တော်​​မောင်​ပဲ သားရှင်းသန့်​​ရေ သူ့ကို သားလက်​ထဲအပ်​ပါတယ်
သားရဲမာန်​ ဒါက​တော့မင်းကို စာသင်​​ပေးမဲ့ မင်းဆရာပဲ"

Butterfly(Completed)Tempat cerita menjadi hidup. Temukan sekarang