Chapter-4

10.8K 572 1
                                    

"​ဝေး စာ​မေးပွဲပြီးပြီကွ"

လပတ်​စာ​မေးပွဲ​လေး ပြီးတာကို အသံဗြဲနဲ့ ​အော်​​နေ​သော မင်းမြတ်​ကို ကြည့်​ ၍ ရဲမာန်​ပြုံးမိသည်

"မုန့်​သွားစားရ​အောင်​" ဟု ​ရွှေရည်​နဲ့ဆုလဲ့
တို့်​ နှစ်​​ယောက်​ပြိုင်​တူ ​ပြောမိကြသည်

"​​ကောင်းတရ်​ဟ သွားရ​အောင်​ ရဲမာန်​"
မင်းမြတ်​ကပါ ကျွန်​​တော့်​ကို မဲဆွယ်​သည်

"ငါလိုက်​လို့ရမှာ မဟုတ်​ပါဘူးကွာ ​ကျောင်းလွှတ်​တာနဲ့ အိမ်​က ကားလာကြိုမှာ"

"ဟမ်​ မင်းကလဲ တစ်​ရက်​တ​စ်ေ​လ ​တောင်​မရဘူးလား"

မေ​မေအ​ကြောင်းကို သူသာလျှင်​ အသိဆုံးဖြစ်​သည်

"ရမှာ မဟုတ်​ပါဘူးကွာ"
သူမျက်​နှာ​လေး ညိုးပြီး​​ပြောလိုက်​သည်

"​အေးပါကွာ ဟုတ်​ပါပြီ ငါတို့လဲ မင်းမပါရင်
မသွား​တော့ပါဘူးကွာ ဟုတ်​ပြီလား"

"​အေးဟယ်​ ဒါ​ပေမဲ့ မနက်​ဖန်​​တော့ ငါတို့ကို​ မုန့်​​ဈေးတန်းမှာ မုန့်​ဝယ်​​ကျွေးရမယ်​​နော်​ ဘယ်​လိုလဲ"

သူ အသာတကြည်​ပင်​ ​ခေါင်းညိမ့်ပြ​လိုက်​သည်

****************

"ဒါက ဒီ​နေ့မှ ဆရာမတို့​​ကျောင်းကို​ပြောင်းလာတဲ့ 
ကျောင်းသားသစ်​​လေး ပန်​ချီး​သွေးတဲ့"

"အားလုံးပဲ မင်္ဂလာပါ ကျွန်​​တော့်​နာမည်​ ပန်းချီ​သွေးပါ"

"မင်းတို့ သူငယ်​ချင်း ​ကျောင်းသားသစ်​​လေးကို
ကူညီ​ပေးလိုက်​ကြဦး​နော်​"

"ဟုတ်​ကဲ့ပါ ဆရာမ"

အတန်းပိုင်​ဆရာမမှ ​​ကျောင်း​ပြောင်းလာ​သော
ကျောင်းသားသစ်​အား ​ကျောင်းသားများနှင့်​မိတ်​ဆက်​​ပေး​နေခြင်းဖြစ်​သည်

ရှင်းသန့်​ စိတ်​ထဲတွင်​​တော့ စာသင်​နှစ်​တစ်​၀က်ကျိုး
ခါနီးမှ ​ကျောင်း​ပြောင်းလာ​သော ပန်းချီ​သွေး ဆို​သော
သူကို နည်းနည်း အံသြမိသည်

မျက်​ခုံး မထူမပါး နှာတံမှာ ချွန်​လှချည်း​တော့မဟုတ်​​ပေ ဆံပင်​မှာ ခပ်​ပွပွ မျက်​မှန်​ကလဲ တပ်​ထား​သေး
သည်​ အသားမှာ ဖြူလှချည်းမဟုတ်​​ပေ အရပ်​မှာလဲ
မိမိ​လောက်​သာသာပင်​ မြင့်​သည်​ ကြည့်​​ကောင်း
သော​ယောက်ျား​​လေး စာရင်းထဲတွင်​ ပါသည်​ဟု
ရှင်းသန့်​ ​ကောက်​ချက်​ချမိသည်

Butterfly(Completed)Dove le storie prendono vita. Scoprilo ora