Chapter-20

7.4K 380 3
                                    

"Aww သူငယ်​ချင်း​တွေ​ကော ​ရောက်​​နေကြတာလား
sorry ​နော်​ ​နှောက်​ယှက်​သလိုဖြစ်​သွားမိလို့
"ရဲ" ​ရော့ဖိတ်​စာ
ငါဆယ်​တန်း​အောင်​တဲ့ အထိမ်းအမှတ်​အ​နေနဲ့
ငါ့ Daddyက ဂုဏ်​ပြု ညစာစားပွဲလုပ်​​ပေးမလို့ဟ
နင်​လာမယ်​မလားဟင်​"

ပြောပြီး လက်​ထဲကဖိတ်​စာကို ကမ်း​ပေး​နေ​သော
ဆူးခက်​နွယ်

"Aww အင်း လာမယ်​​လေ"

"Ok အာ့ဆို ငါ​စောင့်​​နေမယ်​​နော်​ Bye Byeသွားပြီ"

ဆူးခက်​နွယ်​ထွက်​သွား​တော့ ဟိုသုံး​ယောက်
အကြည့်​​တွေက သူ့ ဘက်​လှည့်​လာကြသည်

"ဘာလဲဟ ငါတို့လဲ ရှိ​နေတာကို ငါတို့ကိုကျ
မဖိတ်​သွားဘူး"

"​အေး​လေ ​​အောင်​​တာ​တောင်​ D တစ်​လုံးမှမပါဘဲ
နဲ့များဟယ်​ ​​စောက်​ကြီး​စောက်​ကျယ်​​တွေ သိပ်​လုပ်
တာပဲ ပြီး​တော့ ​ခေါ်သွားတာကလဲ ဘာတဲ့
"ရဲ"တဲ့ အမ​လေး ​အော်​​အော့​တွေ ဟွန်း"

မျက်​နှာကြီး​တွေ မဲ့ရွဲ့ပြီး​ပြော​နေကြတဲ့ ​ရွှေရည်​နဲ့
ဆုလဲ့ကိုကြည့်​ပြီး သူပြုံးမိသည်

"နင်​တို့က​လေ သူများသားသမီးကိုဆို သိပ်​ပြီး
မှိုချိုးမျစ်​ချိုး​ပြောတာပဲ
ဘာလဲ သူကနင်​တို့ထက်​လှလို့ မနာလိုဖြစ်​​နေတာ
မလား ဟင်းဟင်း"

"အ​ရေးထဲ နှာဘူး​ကောင်​ မြတ်​မင်းကတစ်​မျိုး
လူ​လေး​ယောက်​ရှိတာ​တောင်​ ငါတို့ကိုဖယ်​ပြီး
ရဲမာန်​ တစ်​​ယောက်​ထဲ ​ရွေးဖိတ်​သွားလို့ ​ပြော​နေတာဟဲ့ အ​ကောင်​စုတ်​ရဲ့"

ဆုလဲ့ပြန်​​ဟောက်​လိုက်​မှပဲ မြတ်​မင်းငြိမ်​ကျသွား
သည်

"​တော်​ကြပါ​တော့ဟာ အာ့ဆိုလဲ ငါ့အစားနင်​တို့ပဲ
သွား​ပေးလိုက်​ကြ​တော့​ ​ရော့ ဒီမှာဖိတ်​စာ"

"အမ​လေး မသွားချင်​ပါဘူး
လာဖိတ်​ရင်​​တောင်​ ငြင်းမလို့ဟာကို ဟွန်း"

"အဲ့ဒါပဲ​လေ ဆုလဲ့ရဲ့ နင်​တို့​တောင်​မသွားချင်​တာ
သူက​ကော နင်​တို့ကိုဖိတ်​ချင်​ပါ့မလား
ပြီး​တော့ ​ရွှေရည်​နဲ့လဲ ပြသနာတက်​ထား​သေးတယ်
မဟုတ်​လား"

Butterfly(Completed)Where stories live. Discover now