Chapter-17

7.2K 380 1
                                    

"ဆရာ သား​လေး အ​ခြေအ​နေ"

"​အ​ခြေအ​နေက တအားကြီးလဲ မဆိုး​သေးပါဘူး
ဆေးမှန်​မှန်​​သောက်​​နေရင်​​တော့ သက်​သာနိုင်​ပါ
တယ်
တစ်​ခုဘဲ စိတ်​ပိုင်းဆိုင်​ရာ ကို​တော့ဂရုစိုက်​​ပေးပါ
အခုလို နှလုံး​ရောဂါသည်​​တွေက စိတ်​ခံစားလွယ်
ကြတယ်
စိတ်​ပိုင်းဆိုင်​ရာ နာကျင်​ခံစားရတာက ​ရောဂါကို
ပိုသည်းလာ​စေနိုင်​လို့ပါ"

"ဟုတ်​ကဲ့ပါ ဆရာ"

ဒီ​နေ့ ​မေ​မေနဲ့ ​ဆေးရုံမှာ နှလုံးနဲ့ ပတ်​သတ်​ပြီး
Medical Check လာလုပ်​ကြခြင်းဖြစ်​သည်

ကြာလာ​တော့ နှစ်​ရှည်​လများ ​သောက်​ရတဲ့​ဆေး​တွေကို မုန်းလာသည်

တစ်​ခါတစ်​​လေ တခြား​ယောက်ျား​လေး​တွေလိုမျိုးလဲ
Strong ဖြစ်​ချင်​မိသည်

အရာရာ ​ပျော့တိ​ပျော့ဖတ်​နိုင်​လွန်းတဲ့ ကိုယ့်​ကိုကိုယ်
လဲ စိတ်​တိုင်းမကျ

အခုတ​လောလဲ နှလုံးက ပြန်​ပြန်​ပြီး ​အောင့်​​နေလို့
medical check လာပြန်​လုပ်​ကြခြင်း ဖြစ်​သည်

မေ​မေက ကား​မောင်းရင်း ကျွန်​​တော့်​ကို လှမ်း​ပြော
သည်

"သား ဖြစ်​ချင်​တာတို့ လိုချင်​တာတို့ ရှိရင်​ ​မေ​မေကို
ပြော​နော်​ ​မေ​မေအတတ်​နိုင်​ဆုံး လုပ်​​ပေးမယ်​​နော်
ကြားလားသား"

သူ​ခေါင်းသာ ညိမ့်ြ​ပလိုက်​သည်

~~သားဖြစ်​ချင်​တာက ​မေ​မေ လုပ်​​ပေးဖို့မတတ်​နိုင်
တဲ့ အရာဆိုရင်​​ရော​ ​မေ​မေ~~

************

"ဟယ်​လို မမဖြူ လားဟင်​"

"အင်း ​ပြော​လေ လင်း​လေး မမဘာလုပ်​​ပေးရမလဲ"

"မမဖြူ . ဒီအပတ်​ တနင်္ဂ​နွေအားလားဟင်​"

"မအားစရာလား လင်း​လေးရဲ့ လင်း​လေးအတွက်​ဆို
မမက အားပြီးသား ​ပြော မမလာ​ခေါ်ရဦးမှာလား
သူငယ်​ချင်း​တွေနဲ့ ချိန်းထားလို့လား"

"မချိန်းထားပါဘူးမမဖြူ ရဲ့ မမဖြူ ကို တိုင်​ပင်​စရာ​လေး ရှိလို့ပါ"

Butterfly(Completed)Where stories live. Discover now