Part-3(Unicode)

3.8K 280 0
                                    

​နေ့လည်​ထမင်​းစားလွှတ်​ချိန်​~~~

​"​ရွှေရည်​ နဲ့ဆုလဲ့ နင်​တို့နှစ်​​ယောက်​ ကို ငါ​မေးစရာရှိတယ်​ဟ"

"​မေးမှာသာ ​မေးစမ်​းပါ ရဲမာန်​ရယ်​ စကားပုလ္လင်​​တွေ
ခံမ​နေစမ်​းပါနဲ့"

​"ဟို​လေ ဆယ်​တန်​း Bio(A)ခန်​းက
ကိုရှင်​းသန်​့ကိုကို ကိုသိလား"

"ကို ရှင်​းသန်​့ကိုကို"

​ရွှေရည်​ နှင်​့ ဆုလဲ့ တစ်​ပြိုက်​နက်​ ​အော်​လိုက်​မိကြသည်​

"တိုးတိုး ​ပြောပါဟ ဘယ်​လိုဖြစ်​​နေကြတာလဲ"

​ဘေးနားတွင်​ အသီးသီးထမင်​းစား​နေကြတဲ့
​ကျောင်​းသားများပင်​ ကျွန်​​တော်​တို့ဘက်​ကို
၀ိုင်​းကြည်​့​နေကြသည်​

မြတ်​မင်​းက​တော့ ​ဆုလဲ့​ ​ရှောက်​သီးသုတ်​ စားချင်​တယ်​ ဆို၍ ​ကျောင်​းမုန်​့​ဈေးတန်​းတွင်​ သွား၀ယ်​​နေသည်​မို့ ကျွန်​​တော်​တို့ သုံး​ယောက်​သာရှိ​လေသည်​

"အံသြလို့ပါဟာ ကိုရှင်​းသန်​့ ကို မသိဘူးဆို​တော့"

​ရွှေရည်​က ထမင်​းစားရင်​း​ပြောသည်​~~

"​အေး​လေ နင်​လို ​ကျောင်​းသားသစ်​ တစ်​​ယောက်​
က​တော့ ကိုရှင်​းသန်​့ကို သိချင်​မှ သိမှာ​ပေါ့"

ဆုလဲ့ကပါ ​ဆရာမကြီးတစ်​​ယောက်​ ​လေသံဖြင်​့~~

"​အေး​လေ မသိလို့ ​မေး​နေတာကို"

"​ပြောပြမှာ​ပေါ့ဟ နင်​ကလည်​း ဘာ​တွေ​လော​နေတာလဲ!

​နေပါဦး နင်​က ဘာလို့ ကိုရှင်​းသန်​့
အ​ကြောင်​းကိုသိချင်​ရတာလဲ!"

​ရွှေရည်​့ အ​မေး​ကြောင်​့ ကျွန်​​တော်​ဘာပြန်​​ပြောရမှန်​းမသိ~~~

"ဘာရယ်​​တော့ မဟုတ်​ဘူး အဲ့အကိုကြီးကို မ​နေ့က
​တွေခဲ့လို့ သူ့​နေပုံထိုင်​ပုံက ထူးဆန်​းလို့ ဒီတိုင်​း​မေး
ကြည်​့တာပါဟ~~ဟီးဟီး!"

မလိမ်​တတ်​ပဲ လိမ်​လိုက်​ရသည်​့ အတွက်​
ကို့ကိုကိုယ်​​တော့ မလုံမလဲ~~

"ဟင်​ နင်​က သူ့ကို​တွေ့တယ်​!

သူကမုန်​့စားဆင်​းချိန်​​တောင်​ အပြင်​ထွက်​တာမှ
မဟုတ်​တာ!

Butterfly(Completed)Where stories live. Discover now