Chapter-13

7.2K 466 0
                                    

ကားစပယ်​ယာ​လေး အသံ​ကြောင့်​ ပြန်​နိုးလာခဲ့
သည်

ပြင်​ဦးလွင်​ ​ပန်းမြို့​တော်​ကြီးဆီ​တော့ ​ရောက်​​ပေပြီ

ဘေးကို ကြည့်​လိုက်​​တော့လဲ ကိုရှင်းသန့်​ က
လက်​ပိုက်​ပြီး အိပ်​လျက်​သား

~~​တော်​​တော်​ အိပ်​နိုင်​တဲ့ လူကြီး ဟွန်း
အိမ်​ကိုမရရ​အောင်​ ​ခေါ်သွားဦးမှာ ဟင်းဟင်း~~

ကောက်​ကျစ်​တဲ့ အပြုံး​လေး ပြုံးလိုက်​မိသည်

ခန​နေ​တော့....

"ကိုရှင်းသန့်​ ထ​တော့ ​ရောက်​ပြီ"

"ဟမ်​ ​ရောက်​ပြီလား"

"အင်း"

ကျွန်​​တော်​တို့နှစ်​​ယောက်​ ကား​အောက်​​ရောက်​​တော့

"ကိုရှင်းသန့်​ ဘာအထုပ်​​တွေ ပါ​သေးလဲ"

"ဘာမှ မပါဘူး လွယ်​အိတ်​တစ်​လုံးပဲ ပါတယ်​"

"Taxi"

ကျွန်​​တော်​လဲ Taxi သမားတစ်​​ယောက်​ကို
လှမ်း​အော်​​ခေါ်လိုက်​သည်

"အကို​လေးတို့ ဘယ်​သွားကြမလို့လဲ"

အိမ်​လိပ်​စာ​ပြောပြလိုက်​ပြီး  luggage ကို ကား box ထဲထည့်​လိုက်​သည်

ကိုရှင်းသန့်​က​တော့ အခုထိ မသွားရ​သေး

ဖုန်း​ဆက်​ကာ ဘာ​တွေ​ပြော​နေမှန်း မသိ

~~ဟင်းဟင်း လင်းရဲမာန်​ ပါဆို​နေ~~

"လာ ကိုရှင်းသန့်​ သွားမယ်​"

ကျွန်​​တော်​လဲ ကိုရှင်းသန့်​ လက်​ကို ဆွဲကာ ကားထဲ ​ဆွဲထည့်​လိုက်​သည်

ရုတ်​တရတ်​မို့လို့သာ ပြီး​တော့ ဖုန်း​ပြော​နေလို့

နောက်​မို့ဆို ကျွန်​​တော့်​ အား​လေးနဲ့ ကိုရှင်းသန့်​ ကို ဘယ်​လိုမှ ဆွဲ​ခေါ်နိုင်​မည်​မဟုတ်

"ဟာ ​ဟျောင့်​ ငါမင်းနဲ့ မလိုက်​ဘူးလို့ ​ပြောပြီးပြီ​လေ"

"Taxi အကိုကြီး ​မောင်းလို့ရပြီ"

ကျွန်​​တော်​လဲ Taxi သမားကို ခပ်​မြန်​မြန်​ပဲ ​ပြော
လိုက်​သည်

Butterfly(Completed)Where stories live. Discover now