Part-32(Unicode)

2.7K 162 0
                                    

"Hello ​မေ​မေ"

"အင်​း! သား​လေး ​နေ​ကောင်​းတယ်​မလား!"

"​ကောင်​းပါတယ်​​မေ​မေရဲ့!

သားကိုပ​ဲ​ပြောမ​နေနဲ့ ​မေ​မေ​လဲ ​နေ​ကောင်​း​
​အောင်​​နေ​နော်​!

ဒါနဲ့ဖွားဖွား​ကော သက်​သာရဲ့လားဟင်​!"

"အမ​လေး! သားအဖွားကို​ ​မေ​မေကအစွမ်​းကုန်​ပြုစု
​ပေး​နေတာမို့ စိတ်​မပူပါနဲ့​နော်​!

​မေ​မေ့သား​လေးသာ ​ကျန်​းမာ​အောင်​​နေပြီး လူနာ
​တွေကို ​သေချာဂရုစိုက်​ပါ​နော်​!

လွှတ်​သာလွှတ်​လိုက်​ရတာ~~​တစ်​​ယောက်​ထဲဆို
​တော့ ​အဆင်​​ပြေပါ့မလားဆိုပြီး ​မေ​မေကစိတ်​ပူ​နေတာ!"

"စိတ်​မပူပါနဲ့​မေ​မေရဲ့!
ဆုလဲ့တို့လဲ သားဆီလာကြပါတယ်​!

ဖွားဖွားကိုလဲ​ပြော​ပေးဦး​နော်​!
​နေ​ကောင်​း​အောင်​​နေပါလို့!

သားဆရာ၀န်​ကြီးဖြစ်​မှ အ​ကောင်​းဆုံး​ဆေး​တွေနဲ့
ကု​ပေးပါ့မယ်​လို့~~ဟီးဟီး~~"

"အင်​းပါ! အင်​းပါ!

အခု​တော့ ​မေ​မေ့သားပူတူးတူးပဲ ​​ကိုယ်​့ကိုကိုယ်​
ဂရုစိုက်​ပါ​နော်​!

​ကဲ! ဒါဆို​မေ​မေ့ကို ဘာ​ပြောစရာရှိ​သေးလဲ!
​ဆေးရုံမှာ​ကော အဆင်​​ပြေတယ်​မလား!"

~~ဟမ်​! ​ဆေးရုံ~~

"ဟို~~ဟို​လေ~~​မေ​မေ~~သူ~~သူ~~"

"ဟမ်​! ဘယ်​သူလဲသား ​မေ​မေသိပ်​မကြားရဘူး!
လိုင်​းမ​ကောင်​း​တော့လို့လားမသိဘူး!"

"ဘာ~~ဘာမှမဟုတ်​​တော့ဘူး​မေ​မေ!

အာ့ဆိုဒါပဲ​နော်​​မေ​မေ!
ချစ်​တယ်​​မေ​မေ!"

"အင်​းပါ! ဟုတ်​ပါပြီ!

​ဆေး​တွေလဲ ပုံမှန်​​သောက်​ဦး​နော်​!

အာ့ဆိုဖုန်​းချလိုက်​​​တော့မယ်​"

"ဟုတ်​ ​မေ​မေ!"

~~ဟူး~~

မှုတ်​ထုတ်​လိုက်​တဲ့​လေ​ပူ​တွေနဲ့အတူ စိတ်​ထဲလွန်​ဆွဲ​
​နေတဲ့အရာ​တွေ တစ်​ခါထဲပါသွားရင်​လဲ​ကောင်​းသား
~~

Butterfly(Completed)Where stories live. Discover now