Beautiful Life-1(Unicode)

4.5K 141 0
                                    

ရှင်​းသန်​့ ​​ဘေးက couple seat မှာထိုင်ရင်​း ထိုင်​ခုံက ​နောက်​မှီ​မှာ မှီကာ ငိုက်​​နေတဲ့ ​သူ့ baby ​ဘေးကိုကြည်​့ပြီးပြုံးမိသည်​။

ရှင်​းသန်​့တို့နှစ်​​ယောက်​ ပြင်​ဦးလွင်​ကို ထွက်​လာကြ
သည်​မှာ မနက်​ ​လေး နာရီထိုး​လောက်​ထဲက၊ ကား​
​မောင်​းလာရသည်​့သူက အိပ်​မငိုက်​ရ၊ ​ဘေးက​နေ
ထိုင်​ပြီး လိုက်​လာရသည်​့ သူ့ baby ​လေးက​တော့
ဘယ်​နှစ်​​ရေး ရ​နေမှန်​း​တောင်​မသိ​တော့။

မနက်​ခင်​း​ရောင်​နီလာချိန်​နဲ့အတူ ​​အေးစက်​လှတဲ့
​လေနုနု​လေး​တွေက မျက်​လုံးထဲကို ကျိန်​းစက်​သွား
​လောက်​​အောင်​ပင်​ တိုး၀င်​လာကြသည်​။ သူ​ကော
လင်​း​လေးပါ နှစ်​ဖက်​လုံး မှန်​တံခါးများကို ဖွင်​့ထားကြ
သည်​မို့ ​ကားအရှိန်​နဲ့ ​လေ​အေး​တွေက တိုး၀င်​လာ
ကြသည်​။

ရှင်​းသန်​့ အဲ့​ကောင်​​လေး​အေး​နေမှာ ဆိုးတာနဲ့ မှန်​တံ
ခါး နှစ်​ခုလုံးကို တင်​လိုက်​သည်​။ ရှပ်​အကျႌ ​ပြောင်​
အဖြူ ​ရောင်​ လက်​ရှည်​ကို ၀တ်​ထား​ပေမဲ့ ချူ ချာလွန်​း
တဲ့ အဲ့​ကောင်​​လေးအ​ကြောင်​းကို သူသာအသိဆုံး..

ဖြစ်​ပျက်​ခဲ့သမျှ ပြသနာ​တွေ အားလုံးအပြီးမှာ သူ
လင်​း​လေးကို မထိရက်​ မကိုင်​ရက်​​အောင်​ တန်​ဖိုး
ထားတတ်​လာသည်​။

"အွန်​...."

ပါးစပ်​က အသံ​လေးတစ်​ချက်​ထွက်​လာပြီး လည်​ပင်​း
ကို လက်​​ချောင်​း​လေးများနဲ့ကုပ်​ကာ အိပ်​မှုန်​စုံဖွားနဲ့
နိုးလာတဲ့ အဲ့​ကောင်​​လေး....

"ဘာဖြစ်​လို့ မှန်​တင်​လိုက်​တာလဲ ကိုရှင်​းသန်​့"

မနက်​အ​စောကြီး ထလာခဲ့ကြသည်​မို့ အိပ်​​ရေးမ၀​
​သေးတဲ့ သူ့ baby ​လေးမျက်​နှာက မှုန်​ကုပ်​ကုပ်​၊
ငယ်​ရိပ်​ငယ်​​ယောင်​မ​ပျောက်​​သေးတဲ့ ပါး​ဖောင်​း​
​ဖောင်​း​လေးနှစ်​ဖက်​က​လဲ ကိုက်​ဆွဲချင်​စရာ​​ကောင်​း​
​နေသည်​။

"Baby​ ​အေး​နေမှာ စိုးလို့"

ဲ့​အဲ့​ကောင်​​လေးရဲ့ မျက်​​စောင်​းတစ်​ချက်​က ကြည်​့မိတဲ့သူကို တစ်​ချက်​ထဲပြာကျ​သွား​စေနိုင်​​လောက်​သည်​။ရှင်​းသန်​့ အတွက်​က​တော့ မမှု​တော့၊ အတူ​
​နေလာတဲ့ ကာလအတွင်​း အဲ့​ကောင်​​လေးရဲ့မျက်​
​စောင်​းဒဏ်​​တွေကိုလဲ ခံရ​ပေါင်​းများ​နေပြီမို့။

Butterfly(Completed)Where stories live. Discover now