Chapter-38

8.5K 352 6
                                    

"ဘာ!

ရဲမာန်​! နင်​ အဲ့တာ​တော့ over သွားပြီ!

ကိုရှင်းသန့်​လက်​ကလွတ်​​အောင်​လို့  အဲ့မိန်းမနဲ့ လက်​ထပ်​မယ်​ဆိုတာက​တော့ဟာ!

ငါလုံးဝသ​ဘောမတူနိုင်​ဘူးရဲမာန်​!

နင့်​ကို ကိုရှင်းသန့်​ကလဲ ခံစားချက်​ရှိ~~"

"​တော်​​ပါ​တော့ ဆုလဲ့ရာ!

နင့်​အဲ့​လောက်​​သေချာ​နေရင်​ ငါ့ကိုသက်​​သေပြ​လေ!

မဖြစ်​မှမဖြစ်​နိုင်​တာဟာ!

ငါ့ကို​တွေ့တာနဲ့ သူ့အားကြီးနဲ့ဖမ်းပြီး ဟိုဟာဆွဲချွတ်
ဒီဟာဆွဲချွတ်​နဲ့ဟာကို!

ပြီး​တော့ ဟိုညကကိစ္စကလဲ သူမဟုတ်​ဘူးလို့လဲ
မ​ပြောနိုင်​ဘူး!

ငါ့အ​ပေါ်ဒီ​လောက်​မုန်း​နေတာကို!

ဘာပဲဖြစ်​ဖြစ်​ ငါဒီလိုလုပ်​လိုက်​တာ နှစ်​​ယောက်​လုံးအတွက်​​ကောင်းပါတယ်​ဟာ!"

"ဘာနှစ်​​ယောက်​လုံးအတွက်​​ကောင်းတာလဲ!

အိမ်​ထောင်​ပြုတယ်​ဆိုတာကို နင်​လွယ်​လွယ်​မ​တွေးနဲ့​နော်​ ရဲမာန်​!

အချစ်​မပါတဲ့ အိမ်​​ထောင်​တစ်​ခုက ကြာရှည်​ခံမှာ
တော့မဟုတ်​ဘူး!

နောက်​မှ အားလုံး အပျက်​ပျက်​နဲ့ နှာ​ခေါင်း​သွေးယို
ကုန်​လိမ့်​မယ်​!

အခုလိုလုပ်​လိုက်​​တော့​ကော နင်​​ပျော်​နိုင်​မှာမို့လို့လား! ဟမ်​!

နင်​ တကယ်​ပဲ သူ့ကို မချစ်​​တော့ဘူးလား!"

"..............."

သူ အဲ့​မေးခွန်း​မေးလိုက်​တိုင်း ​ပြန်​​ဖြေဖို့ စကားလုံး
ရှာမ​တွေ့~~~

~~~အချစ်​တဲ့လား!

သူ့ကိုမြင်​လိုက်​တိုင်း ငါ့စိတ်​ကိုငါ မနည်းထိန်းချုပ်​ထားရတာ နင်​မှမသိတာ ဆုလဲ့~~~

သူ့ရဲ့ ကိုယ်​သင်းရနံ့​လေး​ကြောင့်​ သူ့အနားက မခွာ
ချင်​​အောင်​ ဖြစ်​မိတာလဲငါပါပဲ ဆုလဲ့ရယ်​~~

သူဖမ်းချုပ်​ထားရင်​​တောင်​ သူ့ရင်​ခွင်​ထဲက​နေ မခွာ
ချင်​တာလဲ ငါပဲ~~~

Butterfly(Completed)Where stories live. Discover now