Part-5(Unicode)

3.4K 259 0
                                    

"သား ရဲမာန်​ သားအတွက်​ ​မေ​မေ Guideဆရာ
တစ်​​ယောက်​ ရှာ​ထား​ပေးတယ်​"

စာလုပ်​​နေ​သော သူ့အခန်​းထဲသို့ ​​​မေ​မေ၀င်​လာကာ ​
​ဖျော်​လာ​သော သံပုရာရည်​ခွက်​ကို လှမ်​း​ပေးသည်​

တစ်​ငုံ​လောက်​ ​သောက်​ပြီးမှ

"​မေ​မေရယ်​ Guide ​တွေဘာ​တွေ မလိုပါဘူး သားလဲ စာအဲ့​လောက်​မညံ့ပါဘူး"

"​မေ​မေသိပါတယ်​ကွယ်​ ဒါ​ပေမဲ့ ဆယ်​တန်​းဆိုတာက တခြားအတန်​း​တွေနဲ့ မတူဘူး​လေ ကြိုးစားနိုင်​မှ
​တော်​ကာကျမှာ ဒီစာ​မေးပွဲမှာ ထူးထူးချွန်​ချွန်​​အောင်​မှ သားရည်​မှန်​းချက်​​တွေ ​ရှေ့ဆက်​ခွင်​့ရှိမှာ
ဒါ​ကြောင်​့လည်​း ​မေ​မေက......"

"ဟုတ်​ပါပီ ​မေ​မေရယ်​ သား နားလည်​ပါပြီ"

"ဒီက​လေးက​တော့​လေ ​မေ​မေ့စကား​တောင်​ မဆုံး​သေးဘူး"

"ဟီး ​မေ​မေ​မော​နေမှာဆိုးလို့"

"ဒါနဲ့ သားဆရာ မနက်​ဖန်​ည လာလိမ်​့မယ်​ ​
​လျှော့​တော့မတွက်​နဲ့​နော်​ သားဆရာက ​
​ဆေး​ကျောင်​း ပထမနှစ်​ တက်​​နေတာ ကဲကဲ စာလုပ်​
​တော့ ​မေ​မေသွား​တော့မယ်​"

​မေ​မေ အခန်​းထဲမှထွက်​ သွားသည်​နှင်​့ ရဲမာန်​သက်​
ပြင်​းချမိသည်​

~~ရည်​မှန်​းချက်​​တွေ ဖြစ်​လာဖို့ ဒီတစ်​နှစ်​​တော့ သည်​းခံပြီးစာ ကြိုးစားရ​တော့မှာပဲ​လေ~~

***********

"သား​ရေ မင်​းဆရာလာပြီ"

​မေ​မေ့အသံကြားသည်​နှင်​့ ဆင်​းလာခဲ့လိုက်​သည်​

ရင်​​တော့နည်​းနည်​းတုန်​​နေ မိသည်​

​မေ​မေ ငှါးထား​သော Guide မှာသူ့ကို အရမ်​း​အော်​​လေ မလား
အရမ်​း ရိုက်​ အရမ်​းဆူ​လေမလား
စိတ်​ထဲက အမျိုးမျိုး​တွေးလျက်​ ရင်​တုန်​ပန်​းတုန်​ဖြင်​့ အိမ်​​အောက်​​​ရောက်​လာခဲ့သည်​

"ဒါက​တော့ အန်​တီ့သား​တော်​​မောင်​ပဲ သားရှင်​းသန်​့​ရေ သူ့ကို သားလက်​ထဲအပ်​ပါတယ်
သားရဲမာန်​ ဒါက​တော့မင်​းကို စာသင်​​ပေးမဲ့ မင်​းဆရာပဲ"

Butterfly(Completed)Where stories live. Discover now