Unicode version
Hope not
Episode-1
နံနက်ခင်းရဲ့နေရောင်ခြည်နုနုက
အခန်းတွင်းကိုဖြာကျလာသည် ...
စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြူနုနေတဲ့
မိမိရဲ့မျက်နှာပေါ်သို့ နွေးကနဲ ....မျက်လုံးတွေကိုအားယူဖွင့်လိုက်ပြီး
ဘေးနားက phoneလေးကိုဆွဲယူလိုက်ကာ
နာရီကိုတစ်ချက်ကြည့်လိုက်သည် ...7:22 AM
~ Ahh...နည်းနည်းစောသေးတယ်
ထပ်ပြီးဇိမ်ယူလိုက်အုံးမယ် ...~နူးညံ့လွန်းတဲ့သားမွှေးစောင်ကို
ဆွဲယူလိုက်ပြီး လက်ချောင်းတွေနှင့်
ပွတ်သတ်နေလိုက်သည် ...ဒီလိုနူးညံ့တဲ့အရာတွေနဲ့ ထိတွေ့ရတာကို
သဘောကျနှစ်ခြိုက်တတ်သည်မှာ
Jennie ရဲ့အကျင့်တစ်ခုဖြစ်သည် ....
.
.မိနစ်အနည်းငယ်အကြာ ...
Duu..Du....
Message vibrate အသံJennie...Phone လေးကိုကောက်ကိုင်လိုက်သည်
Phoneလေးကိုကြည့်နေတဲ့ Jennieရဲ့မျက်နှာမှာ
အပြုံးတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည် ...
.
.
.
.7:30 AM
❣Morning Honey
နိုးပြီလား ဇိမ်ယူမနေပဲထတော့နော်
Morning Kiss😘😘❣နှစ်ပေါင်းအတော်ကြာသည်အထိ
မနက်7:30 AM တိုင်း
မပျက်မကွက် ပို့နေကျ
သူမဆီက Messageလေးတွေဖြစ်သည် ...Jennie သူမဆီကို kiss emojiတစ်ခုပြန်ပို့ရင်း
အိပ်ယာထဖို့ပြင်လိုက်သည် ....❣😘❣
.
.
.
.ဒီနေ့ အလုပ်ရှိသည် ...
ထိုအလုပ်က ဒီနေ့အဖို့အိမ်ထဲမှာပဲလုပ်ရမည်
ဖြစ်တာကြောင့် ချက်ချင်းပဲပြင်ဆင်လိုက်သည် ...
.
.8:30 AM
Ding...dong...
Bellအသံကြောင့်တံခါးသွားဖွင့်ပေးလိုက်တော့
အစားအသောက်တွေနှင့်အတူ
Jennie ရဲ့အလုပ်တွေကပါ
တခါတည်း အတူလိုက်လာလေသည် ....
.
.
.
.
Jennie ရဲ့အလုပ်က အစားအသောက်တွေကို
လှပစွာနဲ့ စားချင်စဖွယ်ဖြစ်အောင်ရိုက်ပေးတဲ့
Photographerပါ ....
YOU ARE READING
Hope Not (Completed)
Fanfictionအရမ်းမုန်းပေမဲ့လဲအရမ်းချစ်တယ် ... ဘာမှမတတ်နိုင်တဲ့ အရူးတစ်ယောက်လိုပဲ .. နင်က ငါ့အတွက်တော့ အိပ်မက်မဟုတ်တဲ့ နာကျင်မှုပဲ... . . . . #blackpink #blink #jensoo