Ep -12

3.5K 337 9
                                    

Unicode version



Hope Not

Episode - 12

အခုတလော Jendeukie လေး
မျက်နှာသိပ်မကောင်းတာကို
Jisoo သတိထားမိနေသည်...

Jisoo နဲ့လဲ မျက်နှာချင်း သိပ်မဆိုင်သလို
ရှောင်ဖယ် ရှောင်ဖယ်နဲ့ ...
အဆောင်ပြန်လာရင်လဲ
နောက်ကျမှ ပြန်လာတတ်သည် ။

Korea မှာ မိဘတွေမရှိပဲ တစ်ယောက်တည်း
လာနေရတော့ ဘာပဲဖြစ်ဖြစ်
မိဘတွေကို လွမ်းနေမှာပဲလေ။

Jisoo သူ့အတွက် ဘာလုပ်ပေးနိုင်မလဲ
တွေးကြည့်နေသည် ....
သူလေး ပျော်ဖို့အတွက် Jisoo
ဖန်တီးပေးချင်သည်လေ....

-----------+----------+-----------

တူ ......တူ .......

" ပြော ....ငါတို့သမီးလေး...."

" Omma...ဒီနေ့ သမီး အိမ်ပြန်လာမယ်
သူငယ်ချင်းတစ်ယောက်ကိုလဲ
ခေါ်လာခဲ့မယ်  သမီးရဲ့ အခန်းဖော်လေ
သူက မိဘတွေနဲ့ ဝေးနေတော့
အိမ်ကိုလွမ်းနေတဲ့ပုံပဲ ....
ထမင်းကောင်းကောင်းလေး  ချက်ထားပေးနော်
ပြီးတော့ နွေးနွေးထွေးထွေးလေး ဆက်ဆံပေး"

" ဟုတ်ပြီ သမီးလေး....ခေါ်လာခဲ့
သမီးလေးကရော ဘာစားချင်သေးလဲ
Omma ချက်ထားပေးမယ်"

" Omma ကြိုက်တာချက်ထားပေး
ညနေ သူ့ကို ခေါ်လာခဲ့မယ်နော်...
သူက သမီးထက်ငယ်တယ် ...
သမီးနားလဲ သိပ်ကပ်တာ သူ့မှာ
မောင်နှမ မရှိဘူးတဲ့ ... မိဘတွေကလဲနိုင်ငံခြားမှာ"

" ဟုတ်ပါပြီ...ခေါ်လာခဲ့ Omma တို့
ပြင်ဆင်ပြီးစောင့်နေမယ်..."

" Nae...Omma....ချစ်တယ်နော်"

" Imm...Ommaလဲချစ်တယ်"

Jisoo သူပျော်ရွှင်ဖို့အတွက်
ဖန်တီးပေးနိုင်တာမှန်သမျှ
ဖန်တီးပေးချင်ခဲ့သည်...သူသာပျော်မယ်ဆိုရင်ပေါ့ ...

JiSoo....Jennieဆီ msg တစ်စောင်ပို့လိုက်သည်။

.
.
.
.
.
.
.
Jennie...Unnieရဲ့အနောက်ကနေရပ်လိုက်ပြီး
ဇစ်ကလေးတပ်ပေးလိုက်သည် ....

ပုခုံးသားဖြူဖြူလေးတွေက Jennieကို
ထပ်ပြီး ဆွဲဆောင်နေပေမဲ့ ....
အရင်နေ့တွေကလို မကိုက်ဖြစ်ခဲ့ ....
ကိုယ့်ကိုကိုယ် ထိန်းချုပ်ရမည်လေ ....

Hope Not (Completed)Where stories live. Discover now