Roommate

4K 367 18
                                    


Unicode version


Hope Not

Episode - 9

Jennie  အသက် ၁၅ နှစ်အရွယ်
New Zealandကနေ
အထက်တန်းအောင်ပြီးနောက်
ဝါသနာပါတဲ့ အနုပညာသင်တန်းတွေကိုတက်ဖို့
အမိမြေ Korea သို့ပြန်လာခဲ့လိုက်သည်...

အနုပညာ သင်တန်းတွေတက်ပြီး
College တက်ဖို့ပြင်ဆင်နေချိန်ဖြစ်သည်...
ဝါသနာပါတဲ့ အနုပညာ
သင်တန်းတွေကိုတက်ရင်း
အချိန်၂ နှစ်ခန့်အကြာမှာတော့
Jennieရဲ့ အသက်က ၁၇ နှစ် ....

လွန်ခဲ့သော ၆ နှစ် ....

မိဘတွေက New Zealandမှာပဲဖြစ်တာကြောင့်
Jennie တစ်ယောက်တည်း
အနုပညာသင်တန်းမှာ ကျောင်းအိပ်
ကျောင်းစားဖြင့် နေထိုင်ခဲ့သည် ...

သိပ်ကို ချမ်းသာလွန်းတဲ့ Jennie ရဲ့
မိဘတွေက သူတို့သမီး ဖြစ်ချင်တာတွေကို
လိုလေသေးမရှိ ထောက်ပံ့ပေးခဲ့ကြသည် ...

တစ်ခါတစ်ရံတော့ Jennieရဲ့ Ommaက
Jennie ကို လာတွေ့တတ်ပေမဲ့
တစ်ခါတစ်ရံတော့လဲ
အိမ်ကိုလွမ်းပါသည် .....

မိဘတွေနှင့် အတူမနေတဲ့ ကျေးဇူးကြောင့်
Jennie အစားအသောက်တွေကို
ကောင်းကောင်းချက်ပြုတ်တတ်ခဲ့လေသည် ....

အနေအေးတဲ့ Jennie ရဲ့စရိုက်ကြောင့်
သူငယ်ချင်းရယ်လို့ များများစားစားမရှိခဲ့ ...
အခန်းဖော်လဲ မရှိသလို
အတူလာထိုင်မဲ့ သူငယ်ချင်းတောင်မရှိခဲ့ ...

Jennie ရဲ့ မျက်နှာ အနေအထားကြောင့်
ထိုကဲ့သို့ ဖြစ်နေရခြင်းပင်...ဖြစ်ပါလိမ့်မည် ...

အမြဲတမ်း ခပ်တည်တည်နဲ့ ချေမိုးနေတဲ့
ထိုမျက်နှာလေးမှာ
သိပ်ပြီးချစ်စရာကောင်းတဲ့
အပြုံးတွေရှိနေခဲ့တာကို ဘယ်သူကမှ
သတိမထားခဲ့ကြပါ။

.
.
.
.

One Day...

Jennie တို့ အနုပညာသင်တန်းကျောင်းကို
ကောင်မလေးတစ်ယောက် ရောက်လာခဲ့သည်။

ဘယ်သူ့ကိုမှ သိပ်မကြည့်တတ်တဲ့ Jennie...
ထိုနေ့က ထိုကောင်မလေးကိုတော့
ငေးမိသွားသည် .....
ထိုကောင်မလေးမှာ...သိပ်ကိုလှပတဲ့
အပြုံးလေးရှိပြီး ....
ထိုအပြုံးလေးတွေက အချိန်တိုင်းလိုလို
ဘယ်သူ့ကိုမဆို ပြုံးပြနေတတ်သည် ...

Hope Not (Completed)Where stories live. Discover now