Becoming Vampire

3.9K 350 8
                                    


Unicode version



Hope Not

Episode - 10

Jennie.... menstruation ဖြစ်နေတာကြောင့်
ဒီနေ့အဖို့ နေလို့မကောင်းပါ....

ရာသီဥတုကလဲ အနည်းငယ်အေးနေတာကြောင့်
လူက နုံးချိနေလေသည် ...

ဗိုက်တွေကလဲ ကိုက်လိုက်တာ ...

နေလို့မကောင်းတာကြောင့် ညနေပိုင်း
အဆောင်ပြန်ပြီး အနားယူဖို့ ပြင်လိုက်သည်။

Unnieကို အဆောင်ပြန်တော့မယ်လို့
ပြောဖို့ လိုက်ရှာပေမဲ့ အရိပ်ကလေးတောင်မတွေ့

လူချစ်လူခင် သိပ်များတဲ့ unnie က
ဘယ်တော့မှမအားတတ် ....
ဘယ်သူအကူအညီတောင်းတောင်း
အကုန်လိုက်လုပ်ပေးတတ်သည့်
အပြုအမူလေးတွေကြောင့် ...
Unnie ကို သင်တန်းကလူတော်တော်များများက
သိပ်ချစ်ကြသည်လေ ....

Jennie  အခန်းထဲရောက်တာနဲ့
ကိုယ့်ကုတင်ပေါ် လှဲလိုက်ပြီး
စောင်ခြုံရင်း အိပ်လိုက်သည် ....

" Ah....နာလိုက်တာ"

ချွေးစေးတွေကလဲ
အနည်းငယ်ထွက်နေလေသည်။

ခဏအကြာမှာတော့ ...Unnie ရောက်လာသည်။

" Jennie ya...ဘာလို့အစောကြီးအိပ်နေတာလဲ
ငါနင့်ကိုလိုက်ရှာနေတာ"

" Imm...ဗိုက်နာနေလို့"

" ဗိုက်ကဘာလို့နာနေတာလဲ
အစားမှားလို့လား...ဆေးသွားယူပေးရမလား"

" Arrnier.... menstruation ဖြစ်နေလို့"

" Kadae....ဗိုက်ကို ရေနွေးအိတ် ကပ်ထားလေ
ရေနွေးအိတ် မရှိဘူးလား"

" Imm...မရှိဘူး"

" ခဏ ...ငါ့ဆီမှာရှိတယ် ရှာပေးမယ်"

Unnie က ပြောရင်းဆိုရင်းနဲ့ပဲ
သူ့အိတ်ထဲက ပစ္စည်းတွေကို
လှန်လောရှာပြီးနောက်....

". Ah...တွေ့ပြီ ရော့ "

Jennie. လှမ်းယူလိုက်ပြီး
ဗိုက်ပေါ်ပဲတင်ထားလိုက်သည်...

" ခလုတ်လေး နှိပ်လိုက်အုံးလေ
အဲ့ဒါမှ ပူလာမှာပေါ့ "

Jennie ..ရေနွေးအိတ်က ခလုတ်လေးကို
နှိပ်လိုက်ပြီး ဗိုက်ပေါ်ပဲ ထပ်တင်ထားလိုက်သည်

Hope Not (Completed)Kde žijí příběhy. Začni objevovat