မ ရဲ့ Lips

5K 366 37
                                    


Unicode version



Hope Not

Episode - 18

မိုးခြိမ်းသံကြောင့် Jennie မရဲ့ ရင်ခွင်ထဲ
တိုးဝင်ရင်း မကို ပွေ့ဖက်ထားလိုက်သည်။

မိုးရေတွေစိုနေတာတောင်မှ မရဲ့ ရင်ခွင်က
နွေးထွေးလိုက်တာ .....

Jennie မရဲ့ပါးပေါ်က မိုးရေစက်လေးတွေကို
တစ်ချက်သုတ်ပေးလိုက်ပြီး
မရဲ့ နှုတ်ခမ်းလေးကို နမ်းဖို့ တိုးသွားလိုက်သည်။

Jennie အတွေးထဲ မနေ့ကဖတ်ထားတဲ့
Manga ပုံရိပ်တွေက ဝင်လာတာကြောင့်
နေရထိုင်ရခက်လာပြီး
ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာကာ ....
မရဲ့ နှုတ်ခမ်းတွေကို ထိတွေ့ဖို့ ဦးတည်နေတဲ့
Jennieရဲ့ နှုတ်ခမ်းလေးကို
မရဲ့ ပါးပေါ်သို့သာ နေရာရွှေ့မိလိုက်တော့သည်။

မကတော့ Jennie ဘယ်လိုဖြစ်နေလဲ သိပုံမပေါ်
Jennieကိုသာ ပြုံးကြည့်နေရင်းနဲ့
Jennie ရဲ့ ပေါက်စီနဲ့ တူတဲ့
ပါးဖောင်းဖောင်းလေးကို
သူမရဲ့ အသဲပုံနှုတ်ခမ်းလေးတွေနစ်ဝင်သွားအောင်
ပြန်လာနမ်းလေသည်။
ထိုအသဲပုံ နှုတ်ခမ်းလေးကို အစွမ်းကုန်ထော်ပြီး
Jennieကို လာနမ်းလိုက်တိုင်း
ထိုနှုတ်ခမ်းလေးရဲ့ အထိအတွေ့ကို
ရူးလောက်အောင် သဘောကျပြီး
သေလောက်အောင် စွဲလမ်းနေတာကို
မသိတဲ့  မက  ဆက်တိုက်ကို
အနမ်းတွေ ပေးနေတော့၏။

( အဲ့လို နှုတ်ခမ်းလေး 😍😗)

+ Ahh... ChiChu ya...
ငါ့ကို လာဆွဲဆောင်နေတာလား .....
ငါပြန်မလွှတ်တော့မှ ငါ့ကို အဆိုးမဆိုနဲ့နော်
Ah....ရူးတော့မှာပဲ ....+

Jennie စိတ်ထဲကနေပြောနေရင်း
Jennie ရဲ့ ပါးလေးကိုဆက်တိုက်နမ်းနေတဲ့
မရဲ့ နှုတ်ခမ်းလေးတွေကို ရှောင်လိုက်ပြီး ...

" Chu...ya...ခန ....ခန ....
အင်္ကျီတွေလဲရမယ်ထင်တယ် ....
မိုးရေတွေစိုနေတယ်မလား ...??"

"Imm...ဒါပေမဲ့ အင်္ကျီမှအပိုမပါတာ"

" မပါလဲဘာဖြစ်လဲ စောင်ခြုံနေမှာပေါ့"

" Yeah...ရှာကြည့်ရမှာပေါ့....
အိမ်ကအသစ်ဆိုတော့ အင်္ကျီအပိုရှိမှရှိပါ့မလား
နင့် Omma  ဝယ်ထားလောက်မှာပါ ....

Hope Not (Completed)Where stories live. Discover now