Normuu Mijama Saranghae

3K 290 26
                                    

Unicode. ver

Hope Not

Episode - 27

Chu ... Omonie ရဲ့ ph ကို ကိုင်လိုက်သည်။

"Nae Omonie"

"Chu လေးလား "

"Nae ...Omonie...နေကောင်းလား"

"နေကကောင်းပါတယ် သမီးရယ်
စိတ်ကပဲနေလို့မကောင်းတာ
သမီးကိုပြောစရာရှိလို့...
Jennie နဲ့ ဒီရက်ပိုင်း တွေ့ဖြစ်လား"

"Nae Omonie"

"တွေ့ဖြစ်ရင် Omonie ကို ကူပြောပေးပါအုံး
သူက သမီးပြောရင် ရမှာ...
ဒီရက်ပိုင်း သူနဲ့ Omonie နဲ့ အဆင်ကိုမပြေပါဘူး
သူ့ကို သေချာတဲ့ အလုပ်လုပ်ခိုင်းနေတာ
သူကအခုချိန်ထိ ပျော်လိုကောင်းနေတုန်း
ငွေတွေလဲ ဖြုန်းလို့ကောင်းနေတုန်းပဲ
အဲ့ဒါ New Zeland ကို ပြန်လာပြီး
သူ့ Appa အလုပ်ပဲဖြစ်ဖြစ် လုပ်စေချင်ပြီ
သူက မလာချင်ဘူးတဲ့လေ
Chu လေးက ကူပြောပေးပါအုန်း "

" Nae ...Omonie....
သူကသိတဲ့အတိုင်း လုပ်ချင်တာလုပ်တာ
သမီးပြောလဲရမယ်မထင်ဘူး
ပြောတော့ပြောပေးကြည့်မယ်လေ"

"Omonie လဲ Jennie အကြောင်းသိပါတယ်
သူက ခေါင်းသိပ်မာတာ...
အရင်က Chu လေးတို့ Company မှာ
Share ထဲ့ပေး သူအလုပ်လုပ်မှာဆိုပြီးတော့
အခုကျတော့လဲ အဲ့ဒီအလုပ်ကို စိတ်မဝင်စားဘူးဆိုပြီး ဖြစ်သွားပြန်ရောလေ....
Jennie နဲ့တော့ ခက်ပါတယ်
ဒါပေမဲ့ သမီးက နည်းနည်းပြောကြည့်ပေးပါအုံး
သူ့ Appa ကလဲ Omonie ကို ခနခန ပြောနေတာ
သူ့ကို New Zeland ကို ပြန်ခေါ်ဖို့ကိုလေ..."

" Nae...ပြောကြည့်လိုက်ပါမယ် Omonie."

"Kadae...ဒါဆိုလဲ ဒါပဲလေနော်
သမီးရဲ့ မိဘတွေကိုလဲ ပြောလိုက်ပါအုံး
Omonie က သတိရတယ်လို့
Korea ပြန်လာဖြစ်ရင် မိသားစုတွေအတူတူ
တွေ့ကြရအောင်လို့ "

"Nae...Omonie..."





Chu....ph လဲချကာ သက်ပြင်းလဲချရင်း
သူ့ကိုငုံ့ကြည့်လိုက်သည်။

" Jennie shi...ကြားတယ်နော် "

"Bo yah ...ဘာ Jennie shiလဲ
ကြားပါတယ်....
Omma ကလေ အမြဲ အဲ့အတိုင်းပဲ
ငါ့ကို စိတ်ညစ်အောင် လုပ်တတ်တဲ့နေရာမှာ
နှစ်ယောက်မရှိဘူး...
ထားလိုက်ပါ ...ဒါတွေက သူပြောနေကျတွေ
ပြီးရင် ဟုတ်တာလဲမဟုတ်ဘူး
ဒီလောက်ပြည့်စုံနေပြီး
ပိုက်ဆံတွေက နောက်ဘ၀ထိတောင်
သုံးလို့မကုန်လောက်အောင်ရှိနေတာကို....
omma တို့နဲ့ကတော့ ခက်တယ်
Honey...အပြင်သွားပြီး တစ်ခုခုစားရအောင်
လိုက်ခဲ့...."

Hope Not (Completed)Where stories live. Discover now