First Kiss 😘😗

4K 333 11
                                    

Unicode version

Hope Not

Episode - 14

@ Jeju ကျွန်း 🏝🏝 Amber Resort

နှစ်ယောက်သား ညနက်သည်အထိ မအိပ်သေးပဲ
စကားပြောရင်း မှိန်ပြပြမီးပြတိုက်လေးကို
အတူကြည့်နေခဲ့ကြသည် ...

ပင်လယ်လှိုင်းသံ သဲ့သဲ့နဲ့အတူ
ပင်လယ်ရနံ့လေးကလဲ ရနေပြီး
မီးပြတိုက်မှိန်မှိန်လေးကို လှမ်းမြင်နေရတဲ့
မြင်ကွင်းလေးက တစ်သက်မမေ့နိုင်စရာ ....

မက စကားသိပ်ပြောနိုင်တာပဲ
သူငယ်ငယ်ကအကြောင်းတွေပြောပြတော့ ...
Jennie တစ်ယောက်
ပါးစပ်ကိုမပိတ်နိုင်အောင် ရယ်နေခဲ့ရသည် ....
မ ငယ်ငယ်က စာရွက်တွေစားတယ်ဆိုပဲ
သတင်းစာစက္ကူ လဲစားတယ်
ရောင်စုံစာရွက်တွေလဲစားတယ်
စာရွက်မှန်သမျှ  အကုန်စားတယ်တဲ့
Omma တောင် ဒါတွေမသိခဲ့ဘူးတဲ့ ...

မ ဟာလေ ဘယ်လိုကောင်မလေးမျိုးပါလိမ့် ....

Jennie စကားတွေ
တတွတ်တွတ်ပြောနေတဲ့ မကို
ပြုံးပြီး ထိုင်ကြည့်နေခဲ့သည် ။

တစ်ခါတစ်ရံ အသဲတွေယားလာပြီး
စကားတွေ တတွတ်တွတ်ပြောနေတဲ့
အဲ့ဒီနှုတ်ခမ်းလေးကို ကိုက်စားချင်နေမိသည်။

သို့သော်လဲ ထိုစိတ်တွေကို မနည်းထိန်းချုပ်ပြီး
နေခဲ့ရသည် ...

Jennie ဘက်ကသာ ချစ်နေခဲ့ရပေမဲ့
မ ကမှ ဒါတွေမသိနိုင်တာ ....

ဖွင့်ပြောလိုက်လို့ မ က လက်မခံရင်
Jennieတို့ဝေးရမှာမလား .....
.
.
.
.
.
.
.
Jisoo ပြောသမျှ သွားလေးပေါ်အောင်ရယ်ရင်း
နားထောင်နေတဲ့  ထိုမိန်းကလေး ....ကို

အသဲတွေယားလိုက်တာ .....

သွားလေးပေါ်အောင်ရယ်လိုက်ရင်လဲ
သိပ်ချစ်ဖို့ကောင်းလိုက်တာ ....
ဒီလိုလှပတဲ့ အပြုံးလေးတွေရှိတဲ့
ထိုမိန်းကလေးကို ပိုင်ဆိုင်ချင်မိပေမဲ့...
လက်တွေ့မှာတော့
ထိုအပြုံးပိုင်ရှင်လေးကို ငေးနေခဲ့ရုံသာ ..

.
.
.
.

ညနက်သည်အထိ အခန်းထဲမဝင်သေးပဲ
နှစ်ယောက်သား စကားထိုင်ပြောနေတာကြောင့်
မတို့ Appa က

" ဟိုကလေးနှစ်ယောက် အခန်းထဲဝင်တော့လေ
လေတွေတိုက်နေတယ် အအေးပါတ်လိမ့်မယ်
အိပ်ကြတော့ သွား ...သွား"

Hope Not (Completed)Where stories live. Discover now