Tears

4.5K 374 18
                                    


Unicode version

Hope Not

Episode - 3

အေးစက်စက်လေပြေတွေက
Chu ရဲ့ပါးပြင်ပေါ်သို့ ခွင့်မတောင်းပဲ
ဖြတ်ပြေးနေ၏။
အနည်းငယ် အေးနေပေမဲ့လဲ
အခုထိ အခန်းထဲမဝင်သေးပဲ
ဝရံတာလေးမှာ ph တစ်လုံးနှင့်စောင့်နေခဲ့သည်

မနက်  ၂နာရီခွဲနေပြီ

အခုချိန်ထိ သူ မရောက်လာသေး...
Ph ကလဲမကိုင် ....

Chu ရင်ထဲဘယ်လိုမှနေလို့မကောင်း ...

စိတ်ပူတာရယ် ၊ စိုးရိမ်တာရယ် ၊
အဆိုးဆုံးက
ယောကျာ်းလေးသူငယ်ချင်းတစ်ယောက်နဲ့
နှစ်ယောက်တည်းအတူရှိနေတာ ...

" Honey ရယ် ph ကိုင်ပါတော့ !! "

Taxi တစ်စီး Hotel ရှေ့ကဖြတ်သွားတိုင်း
မျှော်လင့်တကြီးနဲ့  လိုက်ကြည့်နေမိသည် ...

3:00 am

Taxi တစ်စီး Chu နေတဲ့ ဘန်ဂလိုလေးဆီ
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ၏။

ချက်ချင်းပဲ Taxi ရှိရာသို့
အပြေးလေးသွားလိုက်သည် ...

သို့သော် ကားထဲကမြင်ကွင်းက
Chu ရင်ကိုခွဲလိုက်တာထက်
ပိုပြီးနာကျင်စေသည်...

သူ့သူငယ်ချင်းဆိုသူရဲ့ရင်ခွင်ထဲ
မူးပြီးအိပ်နေတဲ့ Chu ရဲ့Honey...

သူ့သူငယ်ချင်းက ရောက်ပြီဆိုတာတောင်
ထိုသူငယ်ချင်းကို ဆက်ပြီးဖက်ထားတဲ့သူ ...

Chu သွားမခေါ်တော့ပဲ
လှည့်ပြန်လိုက်ရမလားလို့တွေးလိုက်ပေမဲ့ ...

ခြေလှမ်းတွေက ဘယ်လိုမှလှည့်မရ ...

Chu ဘာမှမပြောပဲရပ်ကြည့်နေတာကြောင့်

သူ့သူငယ်ချင်းကောင်လေးက
Honey ကို ကားထဲကနေ
တွဲထုတ်လာပေးရင်း ...

Hotel ထဲထိပို့ပေးမယ်လို့ ပြောလာသည်

Chu ဘာမှပြန်မပြောပဲ
Honey ကို မရမက
အခန်းထဲသို့ တစ်ယောက်တည်း
တွဲခေါ်လာခဲ့လိုက်သည် ...

Chu ပုံစံက တစ်ဖက်လူ အမြင်မှာ
ရိုင်းသွားသလိုရှိနေပေမဲ့ မတတ်နိုင်ပါ ...
အခြေအနေတွေက ထိုကဲ့သို့ ဖြစ်သွားလေသည်

Hope Not (Completed)Where stories live. Discover now