Spoiler

3K 319 41
                                    

Unicode ver

Hope Not

Episode - 29

"Jen...အခုဘယ်သွားမလို့လဲ "

" Han မြစ်ပေါ်မှာ ဖွင့်ထားတဲ့
ရေပေါ်စားသောက်ဆိုင် အတူမသွားရတာကြာပြီလေ"

"Imm...တော်တော်ကြာပြီ....
အဲ့ဆိုင်က ကြက်..."

"Ardar....ကြက်သားကို
နုရွနေအောင်ကြော်ထားတဲ့ menu
ဟုတ်တယ်မလား...."

"Aww...အော်သွတ်ခဲ အာဒါးစော..."

"အဲ့ဆိုင်သွားတိုင်း အဲ့ဒါပဲစားနေတာကို...
ဒါနဲ့...Honey....ငါတို့ ခရီးမသွားရတာကြာပြီ
အတူ သွားရအောင်လေ...
ဘယ်နိုင်ငံသွားချင်လဲ...."

"New Zealand..."

"Nor...စလာပြန်ပြီလား
အခုတလော ငါမကြိုက်တာတွေပဲပြောနေတယ်
တစ်ကယ် ငါနဲ့ဝေးချင်လို့လား
Ommaတို့နဲ့ အဲ့မှာပဲ တစ်သက်လုံးနေလိုက်ရမလား"

"Arrnier...အဲ့လိုမဟုတ်ပါဘူး
Honey ကလဲ ဘာလို့ အဲ့လိုပြောရတာလဲ
တစ်ကယ်ပါ  Honey နဲ့ Omonie ကို
ပြေလည်စေချင်တယ်....
card တွေ ကားတွေ အကုန်သိမ်းလိုက်လို့
Omonie က လွန်သွားတယ်ဆိုပေမဲ့..."

" ဆက်မပြောနဲ့တော့ ...Unnie ဘာသိလို့လဲ
သူကတော့ ph လေးတစ်လုံးနဲ့ အမိန့်ပေးလိုက်တာ
ငါ့မှာတော့ ညသန်းခေါင်ကြီး အနောက်ကနေ
ရဲကားတွေလိုက်ခံရပြီး ကားကိုလဲ
ဆွဲယူသွားကြတာ
တော်သေးတယ် အဲ့နေ့က မသောက်ထားလို့
မဟုတ်ရင် အချုပ်ထဲတောင်ရောက်သွားနိုင်တယ်
ငါအရမ်းစိတ်ဆိုးတယ် သိလား
တော်ပြီကွာ အဲ့အကြောင်းဆက်မပြောနဲ့တော့
အစလဲ လာမဖော်နဲ့ ဘာခရီးမှလဲမထွက်တော့ဘူး"

Jennie ထိုအကြောင်းပြောရင်း
ဒေါသထွက်လာကာ လီဗာကို အသားကုန်နင်းပြီး
အရှိန်တင်မိသွားသည်။

"အင်းပါ မပြောတော့ဘူးနော် စိတ်လျှော့
အရှိန်လေးလဲ နည်းနည်းလျှော့...
Jen...ငါတို့ China သွားရအောင်...
နောက်လလောက် Company က
China မှာ Project ရှိတယ်...
အတူတူသွားမယ်
Great Wall ကို နင်နဲ့အတူ ရောက်ဘူးချင်တယ် နော်.....နော်လို့...
အတူသွားရအောင်...နော်...."

Chu က သာ သူ့ကို သေချာကြည့်ပြီး
ပြောနေပေမဲ့ ထိုကလေးဆိုးလေးက
Chu ကို တစ်ချက်လေးမှတောင်
စောင်းငဲ့ မကြည့် ဖြေလဲမဖြေပဲ ကားကိုသာ
အာရုံစိုက်ပြီးမောင်းနေလေသည်။

Hope Not (Completed)Where stories live. Discover now