Woori Haeyawjaw

4.1K 371 16
                                    


Unicode version

Hope Not

Episode-4

"Ah....စိတ်ပူလာပြီ ...
မ ဘာဖြစ်နေလို့လဲ တစ်ခုခုဖြစ်နေတာလား"

မ ရဲ့ မိဘတွေ ph no ကိုခေါ်ကြည့်ဖို့
ပြင်လိုက်ပေမဲ့  အချိန်ကိုကြည့်လိုက်တော့
ည ၁နာရီ  ရှိနေပြီဖြစ်တာကြောင့်

မနက်ကျမှ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည် ....

" ဘာမှမဖြစ်လောက်ပါဘူး
ဒါဆို ဘာလို့ ဘာမှပြန်မဖြေတာလဲ
Ph လဲမကိုင်ဘူး ....
မ က စိတ်လဲမကောက်တတ်ပါဘူး
စိတ်ကောက်စရာ ဘာရှိလို့လဲ...
ဒါဆို ဘာလို့  ဘာမှပြန်မဖြေ
ph မကိုင် လုပ်ရတာလဲ"

သေသေချာချာပြန်တွေးကြည့်လေ
ပိုနားမလည်လေဖြစ်ပြီး
အကြောင်းအရင်းကို ချက်ချင်းသိချင်လာသည်
ဖြစ်နိုင်ရင် အခုပဲတောင်
ချက်ချင်းသွားမေးချင်လာသည် ....

Jennie. သေချာသိလိုက်တာက
မ ဆီက ဒီလို အဆက်အသွယ်မရတာမျိုး
တစ်ခါလေးမှကို မကြုံဘူးခြင်းပင် ...
ထို့ကြောင့်ပဲ နေရခက်နေခြင်းလား??

+ ထူးဆန်းတယ်+

တစ်ညလုံး အတွေးပေါင်းစုံနေတာကြောင့်
မိုးလင်းကာနီးမှ Jennie အိပ်ပျော်သွားခဲ့သည်။

.
.
.
.
ဖြတ်ခနဲ နိုးထလာသည် ....

" ဒီနေ့ မ ကိုသွားတွေ့ရမှာလေ"

Ph လေးကို ဆွဲယူပြီး ကြည့်လိုက်တော့
11:15 AM

"  Ahh ဘာလို့အခုမှနိုးတာလဲ"

Jennie ကိုယ့်ကိုကိုယ်အပြစ်တင်လိုက်ပြီး
ခပ်မြန်မြန်ထပြီးပြင်ဆင်လိုက်သည် ...

ဒူးလောက်ရှိတဲ့ Coat အင်္ကျီအနက်ရောင်
အပါးလေးကိုအပေါ်ကနေ ထပ်လိုက်ကာ
Jean ဘောင်းဘီအဖြူရောင်နှင့်အတူ
၆ လက်မခန့်မြင့်တဲ့ Shoe အနက်ရောင်ကိုစီးပြီး
ပြိုင်ကားလေးကို မောင်းကာ
ထွက်လာခဲ့လိုက်သည်...

အမိုးဖွင့် ပြိုင်ကားလေးကိုမောင်းနေချိန်
ဆံသားကောက်ကောက်တွေက လေထဲမှာ
တလွှင့်လွှင့်နှင့် သိပ်ကို hot နေလေ၏။

.
.
.
.
.
မ တို့ရဲ့Company ကိုမရောက်ဖြစ်တာတောင်
အတော်ကြာပြီပဲ

Hope Not (Completed)Where stories live. Discover now