Losing

3.2K 292 32
                                    

Unicode ver

Hope Not

Episode - 28

10:15 PM

"ဒီညအတွက် ဒီ club မှာ ကျသမျှအကုန်ရှင်းပေးမယ်။"

"Yeah...Jennie Kim....
You are the best "

"ကြိုက်သလောက်သောက်
ကြိုက်သလောက်စား
ကြိုက်သလောက်ပျော်ကြ ok !..."

"oh...yess..."

Jennie.. ..Black Card  နဲ့
ကြိုတင်ငွေပေးချေထားလိုက်သည်။
ပိုတာလိုတာ နောက်ရက်မှရှင်းလို့ရသည်။
ပိုဖို့ပဲပိုများသည်။
Jennie ဘက်က Korea ငွေနဲ့
ရှင်းပေးတာမဟုတ်ပဲ Dollar နဲ့
ရှင်းပေးခဲ့တာကြောင့်ဖြစ်သည်။
Bill amount ကမနည်းမနော
သုညတွေက တန်းစီနေသည်။
ဖြတ်ပိုင်းလေးကို ယူကြည့်လိုက်ပြီး
ချက်ချင်းလွှင့်ပြစ်လိုက်သည်။

ဒီနေ့နဲ့ ဆိုရင် သုံးရက်ရှိပြီဖြစ်သည်။
Club တစ်ခုလုံးကို သူငယ်ချင်းတွေအတွက်
ငှားပေးခဲ့တာဖြစ်ပြီး
ထိုသူငယ်ချင်းတွေက နိုင်ငံခြားက
သူငယ်ချင်းတွေဖြစ်တာကြောင့်
Koreaကို အလည်လာတုန်းလေး
Jennie ဘက်က အပြည့်အဝ
ဧည့်ခံပေးချင်လို့ပဲ ဖြစ်သည်။

ဒီရက်ပိုင်း အစားအသောက် မမှန်တာကြောင့်
အစာအိမ်က နည်းနည်းအောင့်ချင်နေသည်။
နှစ်ရက်ဆက်တိုက် Alcohol တွေသာ
ဗိုက်ထဲဝင်နေတာကြောင့်
ဒီနေ့တော့ Alcohol ဝင်လို့မဖြစ်ပေ။

ဒါကြောင့် အချိုရည်တစ်ချို့ကိုသာ
သောက်ရင်း သူငယ်ချင်းတွေနဲ့အတူ
ပျော်ပါးနေလိုက်သည်။

အနည်းငယ် ညနက်လာတော့
အစာအိမ်က စနာလာသည်။

သူငယ်ချင်းတွေကိုတော့ ဆက်ပြီးပျော်ကြဖို့
ပြောခဲ့ပြီး အိမ်ပြန်လာခဲ့လိုက်သည်။

Club ကနေ ထွက်ထွက်လာချင်း
Ph လေးကို ထုတ်ကြည့်လိုက်တော့
low battery ကြောင့်
မီးနီပြနေသည်။

msg တွေနဲ့ miss call noti တွေက
မနည်းမနောရောက်နေတာကြောင့်
မျက်စိရှုပ်လာကာ
ဘယ် msg ကိုမှ မကြည့်တော့ပဲ Clear လုပ်လိုက်သည်။

Club ကနေ ကားလေးကို ထုတ်လာလိုက်ပြီး
အရှိန်တင်ကာ မောင်းထွက်လာခဲ့လိုက်သည်။

ဘယ်နှမိနစ်မှတောင်မကြာသေး
Jennie ရဲ့ ကားအနောက်ကနေ ရဲကားတစ်စီး
လိုက်လာပြီး ကားရပ်ဖို့ ပြောလာတာကြောင့်
လမ်းရှင်းတဲ့တစ်နေရာမှာ ဘေးချရပ်ပေးလိုက်သည်။

Hope Not (Completed)Where stories live. Discover now