I'm ok

3.3K 319 36
                                    

Zawgyi version

Hope Not
Episode - 33

Chu...တစ်ယောက် သူထားသွားတဲ့ ထိုနေရာလေးမှာပဲ
မျက်ရည်တွေနှင့် ထိုင်ငိုနေလိုက်သည်။

ရင်ဘတ်ထဲက နာကျင်မှုကတော့ စကားလုံးတွေနဲ့
ဖော်ပြလို့မရအောင်ကို
နာကျင်နေလျက်....

Jennie...ya.....
ဒါ....အိပ်မက်လား
အိပ်မက်သာဆိုရင်တော့ ....
ဒီ....အိပ်မက်ဆိုးထဲကနေ
ငါ.........မြန်မြန်နိုးထချင်နေမိပြီ....
.
.
.

ငါ....ဘာတွေအမှားလုပ်မိလို့လဲ
ဘာလို့ ငါ့အပေါ် ဒီလို ဆက်ဆံရတာလဲ....
နင်ရက်စက်ခဲ့သမျှ ဘယ်တုန်းကမှ
အပြစ်မမြင်ခဲ့တာ သိရက်သားနဲ့
ဘာလို့ အကြိမ်ကြိမ် ရက်စက်ချင်နေရတာလဲ...
တစ်ကယ်တော့ ငါဆိုတဲ့ ဖြစ်တည်မှုဟာ
နင့်ရဲ့ အဖြည့်ခံ သက်သက်ပဲလား...

.
.
.

Jennie...လမ်းမကြီးပေါ်မှာ မကို တစ်ယောက်တည်း ထပ်ပြီး
ထားခဲ့မိပြန်သည်။

ကားကို ပြန်ကွေ့ပြီး သွားခေါ်လိုက်ရမလားလို့
စဉ်းစားလိုက်ပေမဲ့.....
လီဗာကိုသာ အရှိန်တင်မိနေပြီး
မကိုတော့ ပြန်ခေါ်ခဲ့ခြင်းမရှိခဲ့ပေ။

.
.
.
.
.
Jisoo unnie ကို တစ်ယောက်တည်း
ထပ်ပြီးထားသွားတာကြောင့်
Chaeng နဲ့ Lisa တော်တော်လေးကို
အံ့သြနေမိသည်။

Jennie က ဘယ်လိုလူစားမျိုးလဲ....
သူထားသွားတာ သူသိပ်ချစ်ပါတယ်ဆိုတဲ့
သူ့ချစ်သူလေ.....
ဘယ်လိုစိတ်မျိုးနဲ့ အခုလိုမျိုး
ခနခန ထားသွားရက်တာလဲ
တစ်ခါလဲ မဟုတ် နှစ်ခါလဲမဟုတ်...
သိပ်ကိုလွန်လွန်းနေပြီမလား....

Jisoo unnie...တစ်ယောက်လမ်းမထက်မှာ
ငိုနေပုံက Chaeng နဲ့ Lisa ကို
တော်တော်စိတ်မကောင်းဖြစ်စေလေသည်။


"Chaeng...ငါတို့ လျှာရှည်ပြီး လိုက်လာမိလို့သာပေါ့
မဟုတ်ရင် Jisoo unnie ဘယ်လိုလုပ်မလဲ "

"Kadae...Jennie ဆိုတဲ့
မကောင်းတဲ့ကောင်မလေးဟာလေ ...
တစ်ကယ်ပါပဲ
Unnie ဆီသွားရအောင် "

.
.
.

နှစ်ယောက်သား ကားပေါ်က ဆင်းပြီးနောက်
Jisoo unnie ရှိရာသို့ သွားလိုက်ကြသည်။

Hope Not (Completed)Where stories live. Discover now