Surprise

7.5K 336 79
                                    

HOPE NOT (Unicode version )

- လမ်းခွဲ ပြတ်စဲ လိုက်ကြတဲ့   အတွဲတစ်တွဲမှာ  
ဘယ်သူက  ပိုပြီး  ခံစားရမယ် လို့ ထင်လဲ  ။

- ပိုချစ်တဲ့သူက  ခံစားရမှာပေါ့ ။

- ဟင့်အင်း  မဟုတ်သေးဘူး ။ 
ပိုချစ်ရတဲ့သူ ခံစားရတဲ့ နာကျင်မှု က 
အခိုက်အတန့်လေး တစ်ခုလောက်ပဲ ။

တစ်ကယ်တမ်း  အချိန်တွေ ကြာလာတာနဲ့အမျှ
နောင်တတွေ ရပြီး ခံစားနေရမဲ့သူက  
သူ့ကို အရမ်းချစ်ပေးတဲ့သူကိုမှ   ထားရက်နိုင်ခဲ့တဲ့သူ။

သူဟာ  သူ့ကို ချစ်ပေးတဲ့သူရဲ့  တန်ဖိုးကို
အနားမှာ  ရှိတုန်းက  မမြင်ခဲ့ဘူး ။
ဒါပေမဲ့  ဝေးသွားတဲ့ အချိန်ကျမှ  ပြန်လိုချင်လာလိမ့်မယ်။
တောင့်တလာလိမ့်မယ် ။

သူ့ဘေးမှာ   အနွံတာခံတဲ့သူကို 
ဂရုတစိုက်  မချစ်ပေးခဲ့တာတွေ ၊
အလေးမထားခဲ့တာတွေက ပြန်ပြီး ဝဋ်လည်နေအုံးမှာ  ။ ခံစားနေရအုံးမှာ ။

အချိန်တွေ ကြာလာတာနဲ့အမျှ  နောင်တတွေ
တစ်ပွေ့တစ်ပိုက်နဲ့  အကြီးမားဆုံး  ဆုံးရှုံးရမှာ က
ကိုယ့်ကို တစ်ကယ် ချစ်ပေးတဲ့သူကို 
လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ သူတွေပဲ ။

အချစ်တွေ ကုန်တယ်ဆိုတာ တကယ်ရှိတယ်။
နောင်တဆိုတာကလည်းပြင်မရဘူး...။

-ဟုတ်တယ်.....
Jennie.....၃နှစ်ကျော် ကြာသည်အထိ မကို
တစ်ချက်လေးမှ မေ့မရခဲ့ဘူး.....

အခုအချိန်ထိ ဝဋ်ကြွေးတစ်ခုလိုခံစားနေရပြီး
‌ Jennie ရဲ့ သစ္စာဖောက်ခဲ့မှုတွေအတွက်
နောင်တတွေက သေမလိုရနေတုန်းပဲ။

Jennie....ရဲ့ နှလုံးသားတစ်ခုလုံး
မ ရှိရာ Korea နိုင်ငံမှာ အပြီးထားခဲ့လိုက်ပြီး
နောက်တစ်ခါ အမိနိုင်ငံကိုပြန်အခြေချဖို့
သေမလောက်ကို ဝန်လေးနေခဲ့မိတယ်။

တစ်ကယ်လို့သာ ပြန်ပြီးအခြေချမိရင်
မကို တွယ်ကပ်ပြီး လိုက်နှောင့်ယှက္မိနေအုန်းမှာ။

Jennie....မိမိရဲ့ မိုက်ရူးရဲဆန်တဲ့ ကိုယ့်စိတ်ကို
သိနေတာကြောင့် မ ကို သေလောက်အောင်
သတိရပြီးတွေ့ချင်နေမိပေမဲ့လဲ.....
လုံးဝ မပြန်ဖြစ်အောင် ကြိုးစားပြီး
အလုပ်တွေကိုသာ အရူးတစ်ယောက်လို
ဖိလုပ်နေခဲ့သည်။

Hope Not (Completed)Where stories live. Discover now